Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် မိဘမဲ့ အမျိုးသမီးငယ်တစ်ဦး မုဒိမ်းကျင့်ခံရ၊ ကျူးလွန်သူ တရားခံအား စစ်ကောင်စီက ဖမ်းဆီးထား

ဘူးသီးတောင်မြို့နယ်တွင် မိဘမဲ့ အမျိုးသမီးငယ်တစ်ဦး မုဒိမ်းကျင့်ခံရ၊ ကျူးလွန်သူ တရားခံအား စစ်ကောင်စီက ဖမ်းဆီးထား

ABN-ရှိုင်းမိုး

စက်တင်ဘာ ၆ရက်

ဘူးသီးတောင်မြို့နယ် ကံပြင်အုပ်စု ရွှေတောင်ကြား ခေါ် ( တပ်ရာ ) ရွာတွင် စက်တင်ဘာလ ၄ရက်နေ့ ညပိုင်း ၇နာရီကျော်အချိန်က မိဘမဲ့ အသက် ၁၂ အရွယ် အမျိုးသမီးငယ်တစ်ဦး မုဒိမ်းကျင့်ခံခဲ့ရပြီး၊ ကျူးလွန်သူတရားခံအား စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သိရသည်။

မိဘမဲ့ ၁၂အရွယ်အမျိုးသမီးငယ်ကို အသက် ၅၀ အရွယ်ရှိ အမျိုးသားမှ အားဓမ္မပြုကျင့်ခဲ့သည်ဟုသိရှိရသည်။

ဘူးသီးတောင်မြို့နယ် ကံပြင်အုပ်စုထဲရှိ ရွှေတောင်ကြား (ခေါ် ) တပ်ရာ ရွာမှ အသက် ၁၂နှစ်အရွယ်ရှိ မ— ကို ဘူးသီးတောင်မြို့ အမှတ် ၆ရပ်ကွက်မှ အသက် ၅၀ အရွယ်ဦးညီညီလွင်မှ မတရားပြုကျင့်ခဲ့သည်ဟု ရွာတာဝန်ခံ တစ်ဦး ပြောကြားချက်အရသိရသည်။

ထိုအမျိုးသမီးငယ်မှာ မိဘများမရှိသည့်အတွက် မျက်မမြင်၊ နားမကြားသည့် အဖွားအိုနှင့် အတူနေသူဖြစ်သည်ဟုသိရှိရသည်။

မှုခင်းဖြစ်သည့် စက်တင်ဘာလ ၄ရက်နေ့ ည၇နာရီကျော်အချိန်က ဦးညီညီလွင်သည် သူမ၏ နေအိမ်သို့လာပြီး အဖွားဖြစ်သူ မျက်မမြင် နားမကြားအားအရက်ဝယ်ခိုင်းခဲ့ပြီး အမျိုးသမီးငယ် တစ်ယောက်တည်း နေအိမ်တွင် ရှိနေချိန် အဓမ္မမုဒိမ်းကျင့်ခဲ့သည်ဟု ရွာတာဝန်ခံကပြောသည်။

” သူမက အဖွားနဲ့နေတာ၊ သူ့အဖွားက နားလည်မကြားပါဘူး၊ မျက်စိလည်းမမြင်ပါဘူး၊ ကလေးမက အသက် ၁၂၊ မုဒိန်းကျင့်ခဲ့တဲ့သူက အသက် ၅၀ရှိပါပြီ၊ အဲနေ့က အဲဒီလူက ၇နာရီလောက်မှာအိမ်ကိုလာတယ်ပြောတယ်၊ ကလေးမကို မုဒိန်းကျင့်ဖို့အတွက် အဖွားအိုးကို အရက်ဝယ်ခိုင်းခဲ့​တယ်ပြောတယ်၊ သူက မကြာမကြာရောက်တယ်လို့ပတ်ဝန်းကျင်ကလူတွေ ပြောပါတယ်” ဟု၎င်းကပြောသည်။

သူမ အဓမ္မပြုကျင့်ခံရသည်ကို နေအိမ်ဘေးမှ ရွယ်တူကလေးငယ်များက မြင်လိုက်သောကြောင့် ရွာတာဝန်ခံသို့ လာရောက် ပြော၍ သိခဲ့ရကြောင်း ပြောသည်။

ရွာတာဝန်ခံမှ ရဲကိုအကြောင်းပြီး သူမကို ဘူးသီးတောင်မြို့ဆေးရုံတွင် ဆေးစစ်ခဲ့သည့်အချိန်တွင် မြို့နယ်ဆရာဝန် ဦးစိုးမင်းသိန်းမှ မုဒိမ်းကျင့်ခံရကြောင်း အတည်ပြုခဲ့ပြီး သူမကိုဆေးကုသမှုခံယူခဲ့သည်ဟု ရွာတာဝန်ခံမှဆက်ပြောသည်။

“ကျနော်ကို အမျိုးသမီးတစ်ယောက် နှစ်ယောက်က လာပြီးသတင်းပေးပါတယ်၊ ဒါနဲ့ကျွန်နော်က ရဲကိုအကြောင်းကြားပါတယ်၊ ရဲတွေကလာပြီး ကလေးမကို ဆေးရုံကိုဆေးစစ်ဖို့ခေါ်သွားပါတယ်၊ မြို့နယ်ဆရာဝန် စိုးမင်းသိန်းက ကလေးမက မုဒိန်းကျင့်ခံထားရတယ်ဆိုပြီး အတည်ပြုပြောလိုက်ပါတယ်၊ အခုကလေးမက ဆေးကုသမှုခံယူနေပါတယ်” ဟုဆိုသည်။

ကျူးလွန်သူ ဦးညီညီလွင်ကို စက်တင်ဘာလ ၅ရက်နေ့ ညနေ ၅နာရီအချိန်က ၎င်းနေအိမ်မှ မြို့မရဲများကဖမ်းဆီးသွားခဲ့ပြီး ဘူးသီးတောင်မြို့ မြို့မရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး နခခ (၃)နယ်ခြားစောင့်ရဲတပ်ရင်းကို အပ်ခဲ့သည်ဟုသိရသည်။

ကျူးလွန်သူကို သေဒဏ်ပေးခဲ့ရင်တောင် ကျူးလွန်ခံရသူ အမျိုးသမီးငယ်၏ ဘဝက အသက်ရှင်နေထိုင်ရန်ခက်ခဲကြောင်း စစ်တွေဒေသခံတစ်ဦးကပြောသည်။

“ကျူးလွန်သူကို သေဒဏ်ပေးရင်တောင် ကျန်သူဘဝက သူများပါးစပ်ထဲမှာအပြောအဆိုလွတ်မှာ မဟုတ်ဘူး၊ သူများနိုင်ငံမှာနဲ့ ကျွန်မတို့ ရခိုင်မှာက တခြားစီပဲ ကျွန်မတို့ရခိုင်မှာက ခံရသူတွေကိုပဲအပြစ်ပြောကြတယ်၊ ဒါကြောင့် သေဒဏ်ပေးရင်တောင် လုံလောက်မှုမရှိဘူးလို့ကျွန်မမြင်ပါတယ်” ဟုဆိုသည်။

သြဂုတ်လ ၂၂ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ်တွင် သက်ငယ်မုဒိမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူအား ULA/AAမှဖမ်းဆီးထားသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ