Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် ULA/AAတပ်ဖွဲ့ဝင်များမှ ဒေသခံ ပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ ဆေးကုသပေးလျှက်ရှိနေ

ABN-ရှိုင်းမိုး

ဇွန် ၁၈ရက်

ဘူးသီးတောင်မြို့နယ်ရှိကျေးရွာများကို ULA/AA တပ်ဖွဲ့ဝင်များမှ လူမျိုးဘာသာမခွဲခြားဘဲ ဆေးကုသပေးလျှက်ရှိနေသည်ကိုမြင်တွေ့ရသည်။

Mocha ဆိုင်ကလုန်းမုန်တိုင်းကာလမှ ယနေ့အချိန်ထိ ရက္ခိုင်ပြည်တွင်းရှိမြို့နယ်များအားလုံးကို ULA/AAဆေးဝန်းထမ်းများမှ သွားရောက်၍ နေ့စဥ်ရက်ဆက်ဆေးကုသပေးနေကြကြောင်း သိရသည်။

မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော စသည့် မြို့နယ်များရှိ ရပ်ရွာများမှ သက်ကြီးရွယ်အိုးကြီးများနှင့် မုန်တိုင်းရှောင်ကလေးငယ်များကို ကျန်းမာရေးဆေးစစ်ဆေးမှုများပြုလုပ်ပြီး ဆေးကုသမှုများ ပေးခဲ့သည်ဟု သိရသည်။

ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် ULA/AAဝန်ထမ်းများမှ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းစသည့်မြို့နယ်များရှိ ကျေးရွာများမှ ပြိုကျပျက်စီးသွားသောနေအိမ်များကိုလည်း ကူညီဝန်းရံ၍ ပြုလုပ်ပေးလျက်ရှိကြသည်။

အိမ်ပျက်စီးသွားသောဒေသခံများနှင့် အစားအသောက် မလုံလောက်သောကျေးရွာများ၊ မုန်တိုင်းကြောင့် သောက်သုံးရေ ခက်ခဲသောရပ်ရွာများကိုလည်း တပ်ဖွဲ့ဝင်များကိုယ်တိုယ် သွားရောက်၍ ရေကန်များကို ပြန်လည် ပြုပြင်ပေးခြင်း ရေလှောင်ကန်များဖြင့် သောက်သုံးရေများ စီစဥ်ပေးခြင်းကို ပြုလုပ်ပေးခဲ့ကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ