Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် ဖေဖော်ဝါရီလ ၄ရက်နေ့က ပျောက်ဆုံးနေသည့် ခမီအမျိုးသားတစ်ဦးကို ဒဏ်ရာများဖြင့် သေဆုံးလျှက်တွေ့ရှိ

ABN- ရှိုင်းမိုး

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်အုပ်စု၊ ဂန္ဓာရုံ (ခမီ)ရွာမှ ဖေဖော်ဝါရီလ ၄ရက်နေ့က ဆိုင်ကယ်ဖြင့် ငါးဖမ်းရန် နေအိမ်မှ ထွက်သွားသည့် ဦးစိန်ဖြူ အသက် ၄၀ နှစ်ကို ဒဏ်ရာများဖြင့် ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လည်တွင် သေလျက် တွေ့ရှိကြောင်း သိရသည်။

ရုပ်အလောင်းကို ရွာအနောက်ဖက်ရှိ တောစပ်နားတွင် ဘယ်ဖက် နားရွတ်ပြတ်ကာ ခန္ဓာကိုယ် ဘယ်ဖက်ရင်ဘတ်တွင်လည်း ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးလျှက်တွေ့ရှိရကြောင်း ခမီ မီဒီယာက ဖော်ပြချက်အရ သိရသည်။

“သူ့ကို ပျောက်ဆုံးတဲ့နေ့ကတည်းက ဝိုင်းရှာနေကြတာပါ၊ ဒါပေမယ့် မတွေ့ပါဘူး၊ ၅ရက်မြောက်နေ့မှ တွေ့ပါတယ်၊ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနဲ့ ကြည်ရတာ အသတ်ခံထားရတဲ့ပုံပါဘဲ၊ ဒါပေမယ့် ခုချိန်ထိတော့ သူသေဆုံးတာနဲ့ ပတ်သက်လို့ တရားခံ ရှာမတွေ့သေးပါဘူး” ဟု ရွာသားတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၁ရက်နေ့ နှင့် ဖေဖော်ဝါရီလ ၅ရက်နေ့ များကလည်း တောင်ကုတ်မြို့နယ်တွင် ဆိုင်ကယ် ကယ်ရီသမား ၂ဦးအသတ်ခံလိုက်ရပြီး၊ ထို ၂ဦးကို မည်သူသတ်သွားကြောင်း မသိရသေး။

ဓာတ်ပုံ-KMG

ဘူးသီးတောင်မြို့နယ်တွင် ဖေဖော်ဝါရီလ ၄ရက်နေ့က ပျောက်ဆုံးနေသည့် ခမီအမျိုးသားတစ်ဦးကို ဒဏ်ရာများဖြင့် သေဆုံးလျှက်တွေ့ရှိ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ