Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ထောင်ထားသည့် မိုင်းကို နင်းမိ၍ မူဆလင် ရွာသားတစ်ဦး ဒဏ်ရာပြင်းထန်ရ

ဘူးသီးတောင်မြို့နယ် ဂူတာပြင် အုပ်စု တောင်ရွာ မှ မူဆလင်တစ်ဦးမှာ စစ်ကောင်စီတပ်က ထောင်ထားသည့် မိုင်းကို နင်းမိ၍ ခြေထောက် ၂ ဖက်လုံးတွင် ဒဏ်ရာပြင်းထန်ရရှိသွားကြောင်း သိရသည်။

မိုင်းနင်းမိ၍ ဒဏ်ရာရရှိသွားသူများ ဂူတာပြင်အုပ်စု တောင်ရွာ (မူဆလင်) မှ အဖ ဦးအာမာန် ၏သား အာဗန်ကိုနီ အသက် ၃၅ နှစ်ဖြစ်ပြီး ၎င်းတွင် ခြေထောက် ၂ ဖက်လုံးတွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသဖြင့် ဘူးသီးတောင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ဒဏ်ရာရရှိသူမှ ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ခန့်က တောင်ရွာ၏ အနောက်ဖက် တောင်တန်းများတွင် လွှတ်ထားသည့် နွားများကို ရှာရန် သွားစဥ် မိုင်းနင်းမိခဲ့ခြင်း ဖြစ်ကြောင်း ရွာသားတစ်ဦးက ABNကိုပြောသည်။

၎င်းတောင်တန်းတွင် စစ်ကောင်စီတပ် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၉၊ ၂၁၀ တပ်ရင်း တပ်ဖွဲ့ဝင်များ တပ်စွဲ အခြေချ နေထိုင်လျက်ရှိသော နေရာဖြစ်သည်။

ကနဦးတွင် မိုင်းနင်းမိ၍ ဒဏ်ရာရခဲ့သည့် လူနာအား ထိုတပ်စွဲထားသော စစ်ကောင်စီတပ်မှ ဆေးကုသပေးရန် ကြိုးစားခဲ့သော်လည်း ဒဏ်ရာပြင်းထန်သည့်အတွက် ဘူးသီးတောင်ဆေးရုံသို့ ပို့၍ ကုသထားရသည်။

ရခိုင်တွင် ၂၀၂၂ ခုနှစ် ယခုလများအတွင်း မိုင်းနင်းသေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရရှိသူ ၁၄ ခန့်ထိ ရှိကြောင်း ရက္ခိုင့်တပ်တော်၏ ၆ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ပြောခဲ့သည်။

ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ထောင်ထားသည့် မိုင်းကို နင်းမိ၍ မူဆလင် ရွာသားတစ်ဦး ဒဏ်ရာပြင်းထန်ရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ