Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပတ်ခတ်မူကြောင့် ကျည်စထိမှန်၍ နွားနှစ်ကောင်သေဆုံးပြီး ရွာသားတစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၁ ရက် နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်က ဘုရားကုန်းတောင်ကျေးရွာတွင် တပ်စွဲထား စစ်ကောင်စီတပ် (၂၂) လက်အောက်ခံတပ် ခမရ ၂၁၀ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်စထိမှန်၍ လိုင်ရှည်ပြင်ရွာမှ နွား ၂ ကောင်သေဆုံးပြီး ရွာသား ၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

လိုင်ရှည်ပြင်ရွာ ကန်ဘောင်၌ ချည်ထားသည် ၃ နှစ်သားအရွယ် နွား ၂ ကောင် သေဆုံးခဲ့ပြီး ရွာသားတစ်ဦးတွင်လည်း ညာဖက်ခြေထောက်၌ ဒဏ်ရရှိခဲ့သည် ဟု အမည်မဖော်လိုသော သေခံတစ်ဦးကABN ကိုအတည်ပြုပြောဆိုသည်။

သေဆုံးသွားခဲ့သည့် နွား နှစ်ကောင်မှာ ဦးအောင်ငြိမ်းထွန်း ပိုင်ဆိုင်သော နွားမ ၁ ကောင်နှင့် ဦးကျော်မိုးလှိုင်ပိုင်ဆိုင်သည့် နွားထီးတစ်ကောင်တို့ ဖြစ်ကြသည်။

လက်နက်ကြီးကျည်ထိမှန်၍ ညာဖက်ခြေသလုံးတွင် ဒဏ်ရာရရှိခဲ့သူမှာ ဦးရွှေမြင့်အောင်ဖြစ်သည်။

ဒဏ်ရာရရှိခဲ့သူသည် ၎င်း၏ နေအိမ်ထဲတွင် နေစဥ် လက်နက်ကြီးကျည်သည် မှန်ပြတင်းပေါက်နှင့် အခေါင်မိုးတို့ကို ဖောက်ဝင်လာကာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်တွင် ပြီးခဲ့သည် အောက်တိုဘာလ ၂၇ရက်နေ့ ဖိုးခေါင်ချောင်း (မူဆလိန်) ကျေးရွာမှဘာသာရေးဆရာတစ်ဦး တရားဟောပြောရန် သွားရာလမ်း စကစတပ်၏ ကျည်ထိမှန်ပြီး ဘယ်ခြေထောက်၌ ဒဏ်ရာရရှိခဲ့သည် သိရသည်။

ယခုရက်ပိုင်းအတွင်း ကျောက်တော် ဘူးသီးတောင် မြို့နယ်များတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရှိမှုများ နေစဥ်လိုရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ