Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြို့နယ်တွင် မူဆလင်အမျိုးသားတစ်ဦးအားစစ်ကောင်စီမှ ထပ်မံဖမ်းဆီး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ မူဆလင်တစ်ဦးအား နိုဝင်ဘာလ၁၀ရက်နေ့တွင် စစ်ကောင်စီတပ်မှဖမ်းဆီးသွားကြောင်းသိရသည်။

ဖမ်းဆီးခံရသူမှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မီးကျောင်းဂေါင်းစွဲအုပ်စု မောင်လှမရွာမှအဖ ဦးဒေလီမူဟာမတ်၏သား ဟာနီဖာ အသက်၃၅ နှစ်ဖြစ်သည်။

ပြီးခဲ့သည့်နိုဝင်ဘာ၁၀ရက်နေ့ ၈နာရီ ၃၀မိနစ်တွင် ဘူးသီးတောင်မြို့သို့ သွားစဉ် မြို့အဝင်ဝ တံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်၌ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီး ဘူးသီးတောင်အခြေစိုက် စစ်ဗျုဟာသို့ယူသွားကြောင်းသိရသည်။

နိုဝင်ဘာလ၁၀ရက် နေ့လည်၁နာရီ၁၀မိနစ်အချိန်တွင်လည်းရခိုင်ပြည်ဘူးသီးတောင််မြို့ကမ်းနားလမ်းရှိ ညီဘုချေအရက်ဆိုင်မှ စကစဝန်ထမ်းများပါဝင်သည့် ပြည်သူ ၈ဦးအား စစ်ကောင်စီမှဖမ်းဆီးသွားကြောင်းလည်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ရခိုင်ပြည်အနှံ့တွင် အရပ်သားပြည်သူများအား ဖမ်းဆီးမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိနေပြီး၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်များဖက်သို့ ကုန်းလမ်းရေလမ်း ဖြတ်တောက်ထားလျက်ရှိသည်။

ဘူးသီးတောင်မြို့နယ်တွင် မူဆလင်အမျိုးသားတစ်ဦးအားစစ်ကောင်စီမှ ထပ်မံဖမ်းဆီး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ