Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီး‌တောင်မြို့ကို အာရက္ခတပ်တော်(AA) အပြီးသတ် သိမ်းပိုက်

(ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများနှင့် စစ်သွေးကြွဘင်္ဂလီတပ်ဖွဲ့ဝင်များကို အေအေ လိုက်လံရှင်းလင်းနေ)

အာရက္ခတပ်ဖွဲဲ့ဝင်များအား အာရက္ခတပ်တော်အလံဖြင့် ဘူးသီးတောင်မြို့အဝင်တွင်တွေ့ရစဥ် – ဓာတ်ပုံံ / AA Info Desk

ဘူးသီး‌တောင်မြို့ကို အာရက္ခတပ်တော်(AA)မှ ယနေ့ မေလ ၁၈ရက်၊ မွန်းတည့် ၁၂ နာရီခန့်အချိန်တွင် အပြီးသတ် သိမ်းပိုက်ခဲ့ပြီး ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများနှင့် စစ်သွေးကြွဘင်္ဂလီတပ်ဖွဲ့ဝင်များကို အေအေက လိုက်လံရှင်းလင်းနေကြောင်း အာရက္ခတပ်တော်မှ ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် “ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြိုရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံးလက် ကျန်စခန်းများ ဖြစ်သော ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပိုတပ်ရင်း နှင့် ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင်အခြေစိုက် တပ်ရင်းအချိုအပါအဝင် စခန်းအားလုံးကို အာရက္ခတပ်တော် (Arakan Army) မှ ၂၀၂၄ ခုနှစ်၊ မေလ (၁၈) ရက်၊ မွန်းတည့် (၁၂) နာရီအချိန်ခန့်တွင် တစ်ခုမကျန်သိမ်းပိုက်ရရှိပြီး ဖြစ်သည်” ဟု ဖော်ပြထားသည်။

ယနေ့နောက်ဆုံးသိမ်းပိုက်ခဲ့သောစခန်းများမှာ ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပိုတပ်ရင်း နှင့် GE တပ်ရင်း တို့ဖြစ်ကြောင်း သိရသည်။

ထို့အတူ မေလ (၁၄) ရက်နေ့ ၌ စစ်ကောင်စီ၏ ခမရ (၃၅၃) ၊ ခမရ (၅၃၅) ၊ ခမရ (၂၆၃) နှင့် ခမရ (၂၃၃) စသည့် တပ်ရင်း (၄) ရင်းကိုလည်းသိမ်းပိုက်ရရှိခဲ့သည်။

မေလ (၁၃) ရက်နေ့တွင် နခခ (၃) အားလည်းကောင်း၊ မေလ (၁၆) ရက်နေ့တွင် နခခ (၈) စခန်းအား လည်းကောင်း အသီးသီးသိမ်းပိုက်ရရှိခဲ့သည်။

အဆိုပါ ဗျူဟာ နှင့် တပ်ရင်းများမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများ နှင့် စစ်ကောင်စီထံ သင်တန်းဆင်းပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းပြီး မိမိတိုအားတိုက်ခိုက်နေသော စစ်သွေးကြွဘင်္ဂလီတပ်ဖွဲဝင်များအား မိမိတိုမှ လိုက်လံရှင်းလင်း ပိတ်ဆိုတိုက်ခိုက်လျက်ရှိသည်။ ထိုကြောင့် တိုက်ပွဲများမှာ ဘူးသီးတောင်မြိုပတ်ဝန်းကျင်၌ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

စစ်ကောင်စီတပ်ဖွဲဝင်များသည် ကစဉ့်ကလျား ခြေဦးတည့်ရာဖြင့် လွတ်မြောက်မည်ဟုထင်ရသောနေရာများ နှင့် ကျေးရွာများ၊ ဘူးသီးတောင်မြိုအတွင်းသို ထွက်ပြေးနေကြသောကြောင့် ဘူးသီးတောင်မြို ပတ်ဝန်းကျင်ရှိ ကျေးရွာများအနေဖြင့် စစ်ရေးသတိဖြင့်နေထိုင်ကြရန်ကိုလည်း “အထူး” သတိပေးအပ်ပါသည်။

ရက္ခိုင်-ဘင်္ဂလာ နယ်စပ်ရှိ မောင်တောမြို့ကို အလုံးစုံသိမ်းပိုက် ထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီ၏ တပ်စခန်းများကို အာရက္ခတပ်တော်မှ အင်အားအလုံးအရင်းဖြင့် ဝိုင်းဝန်းပိတ်ဆို့ကာ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ကို တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ