Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြိုနယ်မှ မူဆလင် အမျိုးသား ၁ ဦးအကြမ်းဖက်စစ်ကောင်စီအဖွဲ ထောင်ထားသည့် မိုင်းကိုနင်းမိ၍ ညာဖက်ခြေထောက် ပြတ်တောက်သွား

AB News- ဇန်နဝါရီ ၁၁၊ ၂၀၂၄

ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်၊ နေ့လည် ၁နာရီ အချိန်ခန့်တွင် ဘူးသီးတောင်မြိုနယ်၊ ဖုံညိုလိပ် (မူဆလင်) ကျေးရွာ၊ အမှတ် ၈ ရပ်ကွက်မှ မူဆလင်မျိုးသား ၁ ဦးသည် အကြမ်းဖက်စစ်ကောင်ထောင်ထားသည့်မိုင်းကို နင်းမိ၍ ညာခြေထောက်တစ်ဖက် ပြတ်တောက်သွားကြောင်းသိရှိရသည်။

မိုင်းနင်းမိ၍ ခြေပြတ်တောက်သွားသူမှာ ဘူသီးတောင်မြိုနယ်၊ ဖုံညိုလိပ် (မူဆလင်) ကျေးရွာ၊ အမှတ် ၈ ရပ်ကွက်မှ အဖ မော်နောရ်၏သား နော်ရာမိန် ၂၅ နှစ်ဖြစ်သည်။

အဆိုပါ မူဆလင်အမျိုးသားသည် ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်၊ နေ့လည် ၁နာရီ အချိန်တွင် ထိပ်ထူးပေါက် တောင်တန်းသို ထင်းရှာရန်သွားစဥ် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ  ၂၂ လက်အောက်ခံ ခမရ ၂၁၀ တပ်ရင်းမှ ထောင်ထားသည့်မိုင်းကို နင်းမိ၍ ညာဖက်ခြေ ပြတ်တောက်သွားကြောင်းသိရှိရသည်။

၎င်းနော်ရာမိန်၏ ခြေထောက်ပြတ်ဒဏ်ရာမှာ ပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း နှင့် လက်ရှိတွင် ဘူးသီးတောင်မြိုပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသခံယူလျှက်ရှိကြောင်းသိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏မိုင်းကို နင်းမိ၍ ကိုယ်လက်အင်္ဂါပျက်စီးဆုံးရှုးသွားသူများမှာ ၂၀၂၄၊ ဇန်နဝါရီလ ပထမပတ်အတွင်း ၇ ဦးထက်မနည်းရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ