Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြိုနယ်တွင် ARSAအဖွဲ ရွာထဲသိုဝင်ပြီး ရွာသားများအား သေနတ်ဖြင့် ပစ်သတ်၊ ၃ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရ

AB News – ဇန်နဝါရီ ၉၊ ၂၀၂၄

ဇန်နဝါရီလ ၈ရက်နေ့က ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြိုနယ်တွင် ARSAအဖွဲက ရွာထဲသိုဝင်ရောက်ပြီး ရွာသားများအား ပစ်ခတ်ခဲ့သောကြောင့် ရွာသား ၃ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

သေဆုံးသူများမှာ ဘူးသီးတောင်မြိုနယ်၊ တပ်မချောင်း (မူဆလင်) ရွာမှ အာမီရာကိန် ၃၀နှစ်၊ အာမီနိုရ်လု ၁၈နှစ်နှင့် မာမောက်ဂျုဘိုင် ၁၅နှစ်တို သေဆုံးခဲ့ပြီး အဘူကာလောင် ၅၂နှစ်၊ နိုရ်ဟာကိန်း ၂၃နှစ်၊ ဆာလာမာခမ်း ၄၀နှစ်တိုမှာ ကျည်ထိဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၈ရက်၊ ည ၈နာရီကျော်အချိန်တွင် ARSAအဖွဲသည် ဘူးသီးတောင်မြိုနယ်၊ တပ်မချောင်း (မူဆလင်) ရွာသို ဝင်ရောက်ကာ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် အရပ်သားပြည်သူ ၃ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာသား ၁ဦးက AB News သိုအတည်ပြု ပြောသည်။

“ဟုတ်ပါတယ် မနေ့က ည ၈နာရီကျေည်မှာ ARSAအဖွဲတွေ ကျနော်တိုရွာထဲဝင်လာပြီးတော့ သေနတ်တွေနဲ့ ပစ်ပါတယ်။ ဘာလိုပစ်တာလဲ မသိပါဘူး။ ရွာသားတွေလည်း ကြောက်လို ပြေးသူပြေးပါတယ်။ ၃ ယောက်သေပါတယ်”  ဟု ဆိုသည်။

ARSA အဖွဲဝင် ၅ ဦးပါရှိပြီး ၎င်းတိုမှာ မျက်နှာဖုံးစွပ်ထားကာ လက်နက်ကိုယ်စီကိုင်လျက် ဝင်လာခြင်းဖြစ်ကြောင်း နောက်ထပ် ရွာသား တစ်ဦးက ပြောသည်။

ယခုအချိန်တွင် ဒဏ်ရာရရှိခဲ့သည့် အဘူကာလောင် ၊နိုရ်ဟာကိန်း နှင့် ဆာလာမာခမ်းတိုကို ဘူးသီးတောင်မြိုဆေးရုံသို ယူဆောင်ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ