Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြိုနယ်တွင် ဆင်နင်း၍ အသက် ၁၈နှစ်အရွယ် မူဆလင်လူငယ်တစ်ဦးသေဆုံး

ဘူးသီးတောင်မြိုနယ် ကွန်တိုင်အုပ်စု ဝါချိလ့်မြောက် (မူဆလင်) ရွာတွင် ဆင်းနင်း၍ အသက် ၁၈ အရွယ် လူငယ်တစ်ဦးသေဆုံးသွားကြောင်းသိရသည်။

သေဆုံးသွားသူမှာ အဖ ဦးမာမစ်ဆုလ်တာန်၏သား ဇိုက်တူဆောန် အသက် ၁၈ ဖြစ်ပြီး ၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၁နာရီ ၁၅ မိနစ်က တောဆင်ရိုင်းနင်း၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားခဲ့သည့် ဇိုက်တူဆောန်မှာ စံညှင်းဝေ(မူဆလင်) ရွာတွင် အငှားလုပ်နေပြီး၊ တဲမှ ရွာကိုအပြန်လမ်းတွင် ဆင်နင်းခံရ၍ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း စံညှင်းဝေရွာမှ ရွာသားတစ်ဦးက ABN သို့ပြောသည်။

” ကျွန်တော်တိုရွာကမဟုတ်ပါဘူး၊ ဝါချီလ့်မြောက်(မူဆလင်) ရွာကပါ၊ ကျွန်တော်တို့ရွာမှာ အလုပ်လာလုပ်နေတာပါ၊ သူက နေ့တိုင်း ရွာကိုစောစော ရောက်ပါတယ်၊ ဒါပေမယ့် အဲဒီနေ့ကတော့ ၁၁ နာရီကျော်လောက်မှ လာပါတယ်၊ အလာလမ်းမှာ တောရိုင်းဆင် နင်းခံရလို့ သေသွားတာပါ” ဟု ၎င်းကပြောသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၂ နာရီကျော်ခန့်ကလည်း ဘူးသီးတောင်မြို့နယ် ကျောက်တော်ကြပ်ပြင်ချေ(မူဆလင်) ရွာမှ အသက် ၅၀ ကျော်လူကြီးတစ်ဦးမှာ တောဆင်ရိုင်းတစ်ကောင်လိုက်၍ ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း သိရသည်။

” လူကတော့ အသက်အန္တရာယ်တော့ မရှိခဲ့ပါဘူး ဒါပေမယ့် ဒဏ်ရာရလာတာတော့ အရမ်းများပါတယ်၊ အခုတော့ ဆေးကုသမှု ခံယူနေပါတယ် ” ဟု ၎င်းကဆက်ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် နတ်ရာကုန်းအုပ်စု၊ ကျောက်တော်ကြပ်ပြင်ချေအုပ်စု၊ အုပ်ထောင်အုပ်စုနှင့် စံညှင်းရွာအုပ်စုတို့တွင် တောဆင်ရိုင်း အန္တရာယ်ကို မကြာခဏ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

တောဆင်ရိုင်းအန္တရာယ်မှာ အရင်ကထက်ပိုများလာသည့်အတွက် ဒေသခံပြည်သူများမှာ တောထဲတောင်ထဲသို့ မသွားရဲကြတော့ဘဲ ရှိနေကြကြောင်း သိရသည်။

ဘူးသီးတောင်မြိုနယ်တွင် ဆင်နင်း၍ အသက် ၁၈နှစ်အရွယ် မူဆလင်လူငယ်တစ်ဦးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ