Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်မြိုတွင် မူဆလင်အမျိုးသား ၃ဦးကို စစ်ကောင်စီအဖွဲက ဖမ်းဆီးခေါ်ဆောင်သွား

ဘူးသီးတောင်မြိုတွင် မူဆလင်အမျိုးသား ၃ဦးကို စစ်ကောင်စီအဖွဲက ဖမ်းဆီးခေါ်ဆောင်သွား

AB News – ဇန်နဝါရီ ၉၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို၊ အမှတ် ၅ ရပ်ကွက်မှ မူဆလင် ၃ဦးကို စစ်ကောင်စီအဖွဲက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည် ဇန်နဝါရီလ ၇ရက် ညသန်းခေါင်အချိန် ၁ နာရီခန့်အချိန်တွင် ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို၊ အမှတ် ၅ ရပ်ကွက်နေ အရပ်သား မူဆလင် ၃ ဦးအား စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက်တပ်ရင်းများဖြစ်ကြသည့် ခမရ ၂၃၃ နှင့် ခမရ ၂၆၃ တိုမှ နေအိမ်များအတွင်းသို အတင်းအဓမ္မ အင်အားသုံးဝင်ရောက်၍ မတရားဖမ်းဆီးခေါ်ယူသွားခဲ့ကြောင့် ညီနောင်မဟာမိတ် ၃ဖွဲက ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံရသူများမှာ ဘူးသီးတောင်မြို၊ အမှတ် ၅ ရပ်ကွက်မှ အဘူကာလောင်း ၄၀နှစ်၊ ဦးညီနိုဟာရှိန်း ၃၅နှစ်နှင့် ဦးအာလောင် ၄၅နှစ်တိုဖြစ်သည်။

ဇန်နဝါရီလ ၇ရက် ညသန်းခေါင်အချိန် ၁ နာရီခန့်အချိန်တွင် စစ်ကောင်စီအဖွဲ ခမရ ၂၃၃ နှင့် ခမရ ၂၆၃ တိုမှ တပ်သားများသည် ဘူးသီးတောင်မြို၊ အမှတ် ၅ ရပ်ကွက်နေ အရပ်သား မွတ်ဆလင် (၃) ဦးအား ဖမ်းဆီးသွားခဲ့သည်ဟု မြိုခံ ၁ဦးက ပြောသည်။

“ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ရက် ည ၁နာရီခန့် အချိန်မှာ စစ်ကောင်စီအဖွဲရဲ့ ခမရ ၂၃၃ နဲ့ ခမရ ၂၆၃ တပ်ရင်းတွေက တပ်သား ၃၀ကျော်ဟာ ဘူးသီးတောင်မြို၊ အမှတ် ၅ ရပ်ကွက်က နေအိမ်တွေကို ဝင်ရောက်စစ်ဆေးပြီး အဘူကာလောင်း၊ ဦးညီနိုဟာရှိန်းနဲ့ ဦးအာလောင်တိုကို ဖမ်းဆီးသွားတယ်” ဟု ဆိုသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စ၍ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲတို ရက္ခိုင်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်ကောင်စီအဖွဲသည် အရပ်သားပြည်သူ ၃၀၀ ကျော်ကို လူမဆန်စွာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ