သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်နယ် စိုင်းဒင်မှ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွား

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ် စိုင်းဒင်မှ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦးတို့ကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ဘူးသီးတောင်မြို့နယ် စိုင်းဒင်မှ ဒေါ် စိန်ခေါင်၊ ကိုသန်းမောင်၊ ဦးထွန်းအောင်၊ ဦးဝေသာမောင် နှင့် ဦးရွှေလှတို့ဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၅၅၁ တပ်ရင်းမှ တပ်သားများသည် ​ဧပြီလ ၉ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ၎င်းတို့ ၅ ဦး အင်ကြင်းမြိုင် (နတလ) ရွာသို့ အလည်ရောက်နေချိန် ရွာထဲဝင်ရောက်လာကာ ဖမ်းဆီး သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက AB News သို့ ပြောသည်။

စစ်ကောင်စီတပ်သားတွေက လက်နက်တွေနဲ့ ရွာထဲကိုဝင်လာကြတယ်။ ရွာကိုပတ်ပြီး လူတွေကို လိုက်ရှာတယ်။ အမျိုးသမီး ၁ ယောက် နဲ့ အမျိုးသား ၄ ယောက်ကို ဖမ်းဆီး သွားတယ် သူတို့က စိုင်းဒင်ရွာကပါ။ ဒီကိုကာ အလည်ရောက်နေကြတာ။ ဟု

အမ်းမြို့ခံတစ်ဦးက ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက ထိုရွာသားများအားဖမ်းဆီးပြီး ဘူးသီးတောင်အခြေစိုက် ခမရ ၅၅၁ တပ်ရင်းသို့ ခေါ်ယူသွားကြောင်း သိရသော်လည်း မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကိုမူ မသိရသေးပေ။

ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ ညနေ ၆ နာရီကျော်တွင်လည်း သံတွဲမြို့မစျေးမှ စျေးဝယ်ပြီး ပြန်လာသည့် အသက် ၂၉ နှစ်အရွယ် မမေသဇင်ကို တံတားဦး မီးပွိုင့်အရောက်တွင် စစ်ကောင်စီတပ်သားများ ဖမ်းဆီးသွားခဲ့သည်။

ရက္ခိုင်တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ ယခုနှစ် မတ်လ ၂၁ ရက်နေ့အထိ ၄လကျော်ကာလအတွင်းအကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီး၊ ထိန်းသိမ်းခံထားရသူ ၄၇၁ ဦးအထိ ရှိပြီး ထိုအထဲတွင် ကျား ၄၂၄ဦးနှင့် မ ၄၇ ဦး ပါဝင်ကြောင်း HDCO က ဧပြီလ ၄ ရက်နေ့ကထုတ်ပြန်ထားကြောင်း တွေ့ရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ရှိပြည်သူများကို အတင်းအဓမ္မဖမ်းဆီးခြင်းပြုလုပ်လာနေသည့် အတွက် ဒေသခံများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်ရလျက်ရှိကြောင်း သိရသည်။ 

#ABN #ဘူးသီးတောင် #စိုင်းဒင်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ