Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်နယ်တွင် ဟင်းခူးသွားရာမှ အမျိုးသမီးတစ်ဦးရေနစ်သေဆုံး

ဘူးသီးတောင်နယ်တွင် ဟင်းခူးသွားရာမှ အမျိုးသမီးတစ်ဦးရေနစ်သေဆုံး

AB News-ဟိန်းထွန်း

စက်တင်ဘာ ၁၇ ရက်

ရခိုင်ပြည် ဘူးသီးတောင်မြို့နယ် ဒိုးဝေရွာတွင် အမျိုးသမီးတစ်ဦးသည် ယနေ့ မနက်ပိုင်း ၁၀နာရီခန့်က ချောင်းတစ်ဖက်ကမ်းသို့ ဟင်းခူးရန်နှင့် ပက်ကျီးကောက်ရန်သွားရာလမ်းတွင်ရေနစ်သေဆုံးသွားခဲ့ကြောင်း ​သတင်းရရှိသည်။

ရေနစ်သေဆုံးသွားခဲ့သူမှာ ဒိုးဝေကျေးရွာမှ အဖ ဦးမောင်ဖြူသိန်း၏သမီး အသက် ၅၀ အရွယ် ဒေါ်အေးစိန်ဖြူဖြစ်သည်။

သူမသည် ပေတစ်ရာခန့်ရှိသော အိုးသည်မချောင်းကိုဖြတ်၍ ဟင်းနှင့် ပင်ကျီးသွားကောက်ရာတွင် သေဆုံးသွားခဲ့ကြောင်း စေတီပြင်ကျေးရွာက ပရဟိတခေါင်းဆောင် ကိုအောင်မင်းစိုးက ABN သို့ပြောသည်။

“ပေတစ်ရာလောက်ရှိတဲ့ ချောင်းကိုဖြတ်လို့ ဟင်းခူးဖို့နဲ့ပက်ကျီးကောက်ဖို့သွားတာပါ၊ ​ကြွတက်တာဖြစ်မယ်ထင်ပါတယ်၊ ရေနစ်သေဆုံးသွားတာပါ” ဟု ဆိုသည်။

ရေနစ်သူအမျိုးသမီးသည် ယခင်ကလည်း ထိုချောင်းသို့ဖြတ်၍ မကြာခဏသွားရောက်ပြီး ဟင်းခူး၊ ပက်ကျီးကောက်နေသူဖြစ်ကြောင်းသိရသည်။

သူမသည် ချောင်းတစ်ဖက်ကမ်းသို့ ဖြတ်ကူးရာတွင်သေဆုံးသွားခဲ့ပြီး လက်ရှိအချိန်တွင် သေဆုံးသူ၏အလောင်းကို ညနေ ၅ ခန့်ကရရှိကြောင်း ဒိုးဝေကျေးရွာမှ ဦးမောင်လုံးချေက ပြောသည်။

“ဟင်းခူးဖို့ချောင်းတစ်ဖက်ကမ်းကိုသွားပါတယ်၊ အဲ့ဒီမှာရေနစ်ပြီးသေဆုံးသွားတာပါ၊ အလောင်းကိုတော့ ညနေ ၅ ​နာရီလောက်က ရတာပါ” ဟု ဆိုသည်။

လက်ရှိ​တွင်သေဆုံးသူ၏အလောင်းကို တာဝန်ရှိသူများက လာရောက်ဆေးမှုများပြုလုပ်သွားမည်ကြောင်းလည်းသိရသည်။

သြဂုတ်လနှင့် စက်တင်ဘာလအတွင်း၌ ရခိုင်ရှိမြို့နယ်အများစုတွင် ရေနစ်သေဆုံးမှုများနေ့တိုင်းလိုလိုရှိလာနေသည်ကိုတွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ