Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်နယ်တွင် ရဲတပ်သား ၄ ဦး ရက္ခိုင့်တပ်တော် AA ထံ လက်နက်ချ အလင်းဝင်

AB News – နိုဝင်ဘာ ၁၅၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ် ခထီးလှ ( ကထီးလှ) ကျေးရွာရှိရဲစခန်းမှ တပ်ဖွဲ့ ၄ ဦးသည် ရက္ခိုင့်တပ်တော် AA ထံသို့ လက်နက်ချအလင်းဝင်ရောက်လာကြောင်း စုံစမ်းသိရှိရသည်။

၎င်းတို့သည် ယမန်နေ့ည စခန်းမှထွက်ခွာရာ ရက္ခိုင့်တပ်တော် AA နှင့် လမ်းတွင်တွေ့ပြီး အလင်းဝင်သွားကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” သူတို့ကစခန်းကနေထွက်သွားပြီး AA နဲ့လမ်းမှာတွေ့ပါတယ်၊ အလင်းဝယ်မယ်လို့ပြောတယ်၊AA ကလည်းခေါ်သွားတယ် ” ဟု ဆိုသည်။

ရဲတပ်ဖွဲ့ ၄ ဦးသည် AA နှင့် မတိုက်ခိုက်ချင်သည့်အတွက် ၎င်းတို့အသိစိတ်ဖြင့် AA သို့ လက်နက်ချ အလင်းဝင်ရောက်လာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

ယနေ့တွင် ကျောက်တော်မြို့မရဲစခန်းတစ်ခုလုံး ရက္ခိုင့်တက်တော် AA ထံ လက်နက်ချက်အလင်းဝင်ရောက်လာခဲ့ကြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်မတိုက်လိုသည့်အတွက် ရက္ခိုင့်တပ်တော် AA ထံသို့ဝင်ရောက်လာသူများပြားလာနေကြောင်း တွေ့ရှိရသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော် AA မှ အလင်းဝင်ရောက်လာသူများအား လုံခြုံသည့်နေရာများတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အသက်မသေဘဲ မိသားစုများနှင့် ​ပျော်ရွှင်စွာ ဆုံစည်းလိုပါက ကိုယ့်အသိဖြင့် လက်နက်ချ အလင်းဝင်ကြရန် ၁၀၂၇ စစ်ဆင်ရေးလုပ်နေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

ရခိုင်တွင် စစ်ဆင်ရေး ၃ ရက်တာကာလအတွင်း လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ခန့်ရှိနေပြီဖြစ်ကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ