Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်နယ်တွင် မူဆလင်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်အုပ်စု၊ ရီချမ်းပြင်ရွာမှ မူဆလင်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ယနေ့ အောက်တိုဘာ ၂၁ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်တွင် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူမှာ ဦးဖော်ရီဇာမောက်၏သား ဂျာမာဟူဆောင်း အသက် ၅၀ ဖြစ်ပြီး ၎င်းသည် သမီးဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့် အတွင်းငှက်သေရွာသို့ ခရီးသွားစဥ် စိုင်းဒင်တံတားတွင် စခန်းချနေထိုင်သည့် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၂ တပ်ရင်းမှ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သမီးဖြစ်သူကပြောသည်။

“ကျမတို့သားဖနှစ်ယောက် ဆိုင်ကယ်နဲ့ အတွင်းငှက်သေရွာသို့ သွားတဲ့လမ်းမှာ စစ်တပ် (စစ်ကောင်စီ) ကဖမ်းတာပါ။ စိုင်းဒင်တံတားမှာ တပ်စွဲထားတဲ့တပ်က ဖမ်းတာပါ” ဟု သူ့အဖေနှင့် ဖမ်းဆီးခံခဲ့ရသည့် သမီးဖြစ်သူက ပြောသည်။

ဖမ်းဆီးခံရသူ ဦးဂျာမာဟူဆောင်းနှင့် အတူပါသည့် သမီးဖြစ်သူကိုမူ ပြန်လည် လွှတ်ပေးလိုက်သည်။

ဘူးသီးတောင်နယ်တွင် မူဆလင်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ