Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်နယ်တွင် စစ်ကောင်စီကပစ်ခတ်သောလက်နက်ကြီးကျည်ထိမှန်ပြီး အရပ်သား ၃ ဦးအသေးစားဒဏ်ရာရရှိ

ဘူးသီးတောင်နယ်တွင် စစ်ကောင်စီကပစ်ခတ်သောလက်နက်ကြီးကျည်ထိမှန်ပြီး အရပ်သား ၃ ဦးအသေးစားဒဏ်ရာရရှိ

AB News – ဒီဇင်ဘာ ၂၇၊ ၂၀၂၃

ရက္ခိုင်ပြည် ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီကပစ်ခတ်သောလက်နက်ကြီးကျည် ထိမှန်ပြီး အရပ်သား ၃ ဦးအသေးစားဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သူများမှာ အသက် ၃၀ ကျော်အရွယ် ဆာလ်လာယာ ၊ အသက် ၃ဝ ကျော်အရွယ် မအေဝိုင်ကျု နှင့် အသက် ၄၀ ကျော်အရွယ် ဒေါ်ငယ်မချေ တို့ဖြစ်ကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက် ၁၀ နာရီကျော်တွင် စစ်ကောင်စီအဖွဲ့က လက်နက်ကြီး ၈ ကြိမ်ထက်မနည်းလှမ်းပစ်ခဲ့မှုကြောင့် စေတီတောင်ကျေးရွာအတွင်းသို့ ၂ လုံးကျရောက်ပေါက်ကွဲပြီး ဒဏ်ရာအသီးသီးရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သောပြည်သူများသည် နီးစပ်ရာဆေးခန်းတို့တွင် ဆေးကုသမှုခံယူနေရပြီး ရွာခံသားတစ်ချို့မှာလည်း ဘေးလွတ်ရာ ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

“ဒဏ်ရာရရှိတဲ့သူတွေက နီးစပ်ရာဆေးခန်းတွေမှာ ဆေးကုသမှုခံယူနေရပါတယ်၊ ရွာသားတွေလည်းစိုးရိမ်ထိတ်လန့်နေကြတယ်၊ ထွက်ပြေးတဲ့သူတွေလည်းရှိနေတယ် ” ဟု ဆိုသည်။

ထို့အပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲ မှုကြောင့် အရပ်သား နေအိမ်တစ်ချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအဖွဲ့သည် စစ်ရေးရှုံးနိမ့်လာနေသည့်အတွက် ပြည်သူများကို ဦးတည်တိုက်ခိုက်လာနေကြောင်း ဘူးသီးတောင်မြို့နယ်မှ မူဆလင် အမျိုးသမီး တစ်ဦးက ABN သို့ပြောသည်။

“ကျမတို့က ရွာမှာ နေတာတောင် လက်နက်ကြီးတွေနဲ့လှမ်းပစ်ခံနေရတယ်၊ ဒါက အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိကို သတ်ဖြတ်နေတာဖြစ်ပါတယ်။ ဘာလို့ဆို သူတို့ (စစ်ကောင်စီ) စစ်ရှုံးနေလို့ပဲဖြစ်ပါတယ်” ဆိုသည်။

ဘူးသီးတောင်တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်စခန်းများမှ ပြည်သူများ နေထိုင်သည့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် တမင်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ