Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်နှင့်အတူ စစ်သား ၄ ယောက် ထွက်ပြေးသွားသည့်အတွက် စစ်ကောင်စီမှ ရွာသားများကို ရွာမှ နှင်ထုတ်

ဘူးသီးတောင်နယ်တွင် စစ်ကောင်စီတပ်မှ လက်နက်နှင့်အတူ စစ်သား ၄ ယောက် ထွက်ပြေးသွားသည့်အတွက် စစ်ကောင်စီမှ ရွာသားများကို ရွာမှ နှင်ထုတ်

ABN-ရှိုင်းမိုး

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖရုံချောင်းရွာနှင့် နပျိုးချောင်း (ငှက်ပျောချောင်း) ရွာမှ ရွာသူ၊ ရွာသားများအားလုံးကို စစ်ကောင်စီမှ အတင်းအဓမ္မနှင်ထုတ်၍ ရွာသားများဘေးလွတ်ရာသို့ထွက်ပြေးတိမ်ရှောင်နေကြရသည်။

ဧပြီလ ၂၈ရက်နေ့ နံနက် ၉နာရီကျော်အချိန်တွင် ရွာအတွင်း တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်မ ၂၂မှ စစ်သားများသည် ရွာသားများနေအိမ်ရှေ့သို့လာပြီး ရွာမှထွက်သွားရန်အတင်းအဓမ္မနှင်ထုတ်သည်ဟု သတင်းအရင်းမြစ်မှသိရသည်။

ထို စစ်ကောင်စီတပ်မ ၂၂သည် ဖရုံချောင်းရွာထဲတွင် တပ်စွဲနေထိုင်ကြပြီး ဧပြီလ ၂၀ရက်နေ့ ည ၉နာရီကျော်ချိန်တွင် ထိုတပ်မထဲမှ တပ်သား ၄ဦး၊ လက်နက်အပြည့်စုံဖြင့် တပ်မှ ထွက်ပြေးသွားကြခြင်းကြောင့် ရွာသားများအား ရွာမှ နှင်ထုတ်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ကျေးရွာသား ၁ ဦးက ပြောသည်။

“ ဧပြီလ ၂၅ရက်နေ့ကတည်းကနှင်ထုတ်နေတာပါ၊ ရွာသားတွေကမထွက်ကြပါဘူး၊ ၂၈ရက်နေ့လည်းရောက်တော့ သူတို့က လက်နက်တွေနဲ့ အိမ်ရှေ့ကိုလာပြီး မထွက်လို့မရဘူး၊ ထွက်ရမယ်ဆိုပြီး ပြောလာပါတယ်၊ ဒါကြောင့် ကြောက်ပြီး ထွက်လာကြတာပါ၊ သူတို့မှာ တပ်သား ၄ဦးထွက်ပြေးလို့ရှိပါတယ်၊ သူတို့တပ်သားထွက်ပြေးတာဟာ ရွာသားတွေကြောင့်လို့ ပြောပါတယ်၊ ဒါကြောင့် ရွာသားတွေကိုနှင်ထုတ်တာလို့ သိရပါတယ်” ဟု ပြောသည်။

နပျိုချောင်းရွာထဲတွင်လည်း စစ်ကောင်စီတပ်စွဲနေထိုင်သည်ဟုသိရသည်။ ထိုရွာတွင် ပြဿနာတစ်စုံတရာမရှိသော်လည်း စစ်ကောင်စီတပ်သားများမှာ အိမ်ကိုလာရောက်၍ ရွာသားများကို “တစ်ပတ်ခန့်” ရွာကထွက်ပေးကြဟုပြောဆိုသည်ပြောဆိုသည်။

“အဲဒီရွာမှာက ဘာပြဿနာမှဖြစ်တာမကြားပါဘူး၊ ဒါပေမယ့် စစ်သားတွေက ရွာသားတွေကို တစ်ပတ် ရွာကထွက်သွားခိုင်းတယ်လို့သိရပါတယ်” ဟုဖရုံချောင်းရွာသားတစ်ဦးကပြောသည်။

ရွာသားများ ရွာကထွက်သွားပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်သားများသည် လူနေအိမ်များကိုဖြိုဖျက်ပြီး၊ ထိုနေအိမ်များမှ သစ်၊ ပျဥ်၊ သွပ်မိုးများကို စစ်ကောင်စီတပ်စခန်းသို့သယ်ဆောင်ထားသည်ဟုသိရသည်။

လက်ရှိတွင် ထိုရွာ ၂ရွာမှ ရွာသားများသည် ရွာအနီးရှိ ဆွေမျိုးများအိမ်တွင် ခုံလှုံ၍နေကြရသည်ဟုသိရသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်များသည် ရွာထဲတွင် တပ်စွဲ၍ နေထိုင်မှုများ ရှိနေသည်။

ဓာတ်ပုံ-RFA

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ