Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်တွင် မြန်မာစစ်တပ် တပ်စွဲခဲ့သည့် နေရာတွင် မိုင်းပေါက်ကွဲ၍ ကလေးငယ် ၁ဦး သေဆုံးပြီး၊ ၃ ဦးဒဏ်ရာပြင်းထန်ရရှိသွားကြောင်းသိရ

ABN-ရှိုင်းမိုး

ဘူးသီးတေင်မြို့နယ်တွင် မြန်မာစစ်တပ် တပ်စွဲနေထိုင်ခဲ့သည့် နေရာ၌ မိုင်းပေါက်ကွဲ၍ ကဆလးငယ် ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့သည်ဟု သိရသည်။

ယနေ့ နံနက် ၁၁ နာရီကျော်ချိန်တွင် ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်း ( မူဆလင် ) ရွာမှ မူဆင်လင် ၄ ဦးသည် ယာရှီတောင်အနီးသို့ ထင်းခုတ်ရန်သွားရာတွင် စစ်ကောင်စီတပ်စွဲနေထိုင်ခဲ့သည့်နေရာ၌ မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သေဆုံးသွားသူမှာ အသက် ၁၀ အရွယ် မာမက်နုရ်ဖြစ်ပြီး၊ ဒဏ်ရာရသူ ၃ ဦးမှာ အသက် ၁၄ နှစ်အရွယ် ဂျာနီအာလာမ်၊ အသက် ၁၂ အရွယ် အော်ဇီးအူလ္လာ၊ အသက် ၁၂ အရွယ် ရော်ဘီအုလ်ဟာဆောင်း တို့ဖြစ်သည်။

“ ၁၁ နာရီကျော်လောက်ရှိဖို့ထင်ပါတယ်၊ အဲဒီတောင်က မိုင်းပေါက်သံကြားတော့ သွားကြည့်ကြတယ်၊ အဲဒီမှာ တွေ့ပါတယ်၊ ၁ ယောက်က သေသွားပါတယ်၊ နောက် ၃ ယောက်က ဒဏ်ရာရထားပါတယ်’ ရွာသားတစ်ဦးက ABNကိုပြောသည်။

ထို မာမက်နုရ်တွင် ခန္ဓာကိုယ် တစ်ခုလုံးဒဏ်ရာများ​ဖြင့် သေဆုံးသွားပြီး၊ ဂျာနီအာလာမ်တွင် နားရွက်နှင့် ညာပေါင်တွင် ဒဏ်ရာရရှိ၊ အော်ဇီးအူလ္လာတွင် ညာဖက်ပေါင်တွင် ဒဏ်ရာရရှိနှင့် ရော်ဘီအုလ်ဟာဆောင်းမှာ ဝမ်းပေါက်ပေါက်ပြီး အူထွက်သွားကြောင်းရွာသာများကပြောသည်။

ဒဏ်ရာရရှိသွားသည့် ကလေးငယ် ၃ ဦးကို ဘူးသီးတောင်မြို့နယ်ရှိ ရက္ခိုင်တပ်တော်၏ ဆေးခန်းတစ်နေရာတွင် ဆေးကုသမှုခံယူနေကြသည်ဟုသိရသည်။

“ ၁ ယောက်ကတော့ သေသွားပါတယ်၊ နောက် ၃ ယောက်ကတော့ ရက္ခိုင်တပ်တော် ဆေးခန်းမှာ ဆေးကုသမှုခံယူနေကြပါတယ်” ဟု ဖိုးခေါင်ချောင်းရွာသားတစ်ဦးက ပြောသည်။

မိုင်းပေါက်ကွဲခဲ့သည့် တောင်တန်းတွင် လွန်ခဲ့သည့် ၃ လခန့်က စစ်ကောင်စီတပ် တပ်စွဲ နေထိုင်ခဲ့ပြီး မကြာခဏလည်း ထိုတောင်တန်းသို့ စစ်ကြောင်းလှည့်ကြောင်း ရွာသားများက ပြောသည်။

“ အဲဒီမိုင်းပေါက်ကွဲတဲ့တောင်းတန်းမှာ စစ်ကောင်စီတပ်တွေ စခန်းချ နေခဲ့ပါတယ်။ အခု မိုင်းပေါက်ကွဲတဲ့နေရာက သူတို့ထွက်သွားတာ ၃ လပဲရှိပါသေးတယ်၊ ဒါပေမယ့် သူတို့ အဲဒီ နေရာကို ခဏခဏ ရောက်ကြပါတယ်“ ဟု ပြောသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း မြောက်ဦးမြို့ ထင်းခုတ်ရန်သွားသည့် လူငယ် ၁ ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်သွားခဲ့ကာ ဇန်နဝါရီလ ၂၂ နေ့ ည၈နာရီကျော်ချိန်ကလည်း မင်းပြားမြို့နယ် ပန်းမြောင်ရွာအနီး တောင်ဖြူတောင်တွင် မိုင်းပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ