Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်တွင် စစ်ကောင်စီအဖွဲ့မှ နေအိမ်အား ဝင်ရောက်မွှေနှောက်ပြီး အိမ်ရှင်အားဖမ်းဆီး

ဘူးသီးတောင်တွင် စစ်ကောင်စီအဖွဲ့မှ နေအိမ်အား ဝင်ရောက်မွှေနှောက်ပြီး အိမ်ရှင်အားဖမ်းဆီး

AB News- ဒီဇင်ဘာလ ၂၄၊၂၀၂၃

ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်၊ ညသန်းခေါင်ယံတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့မှ ဘူးသီးတောင်မြို့၌ နေအိမ်အားမွှေနောက်ပြီး အိမ်ရှင်အား ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူမှာ ဘူးသီးတောင် မြို့၊ အမှတ် ၅ ရပ်ကွက်က ဦးဉာဏ်လင်း အသက် ၄၁ နှစ် ဖြစ်သည်။

ဒီဇင်ဘာလ ၂၃ရက်၊ ညသန်းခေါင် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကား ၂စီးဖြင့် ဘူးသီးတောင်မြို့ အမှတ် ၅ ရပ်ကွက် သို့ရောက်လာပြီး ဦးဉာဏ်လင်းအိမ်အား ဝင်ရောက်မွှေနှောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီအဖွဲ့သည် ဦးဉာဏ်လင်း အိမ်မှ စိန်လက်စွပ် ၁ ကွင်း၊ ငွေ ၃ သိန်းနှင့် ဓာတ်ဆီ ၁ဘူးကို အဓမ္မသိမ်း ယူသွားပြီး အိမ်ပိုင်ရှင်ဖြစ်သူ ဦးဉာဏ်လင်းကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံ ၁ ဦးမှပြောသည်။

“ည ၁၁ နာရီ ၃၀ မိနစ်လောက်မှာ ကား၂ စီသံကြားတယ်။ ခြံပြင်တံခါးလည်း ပိတ်ထားတယ်။ သူတို့က ခြံကျော်ဝင်လာပြီး အိမ်တံခါးကို ခေါက်တယ်။ အိမ်ထဲဝင်တော့ ပစ္စည်းတွေအကုန်မွှေနှောက်ပြီး ယူတယ်။ ဉာဏ်လင်းကိုလည်း ဖမ်းသွားတယ်” ဟုဆိုသည်။

၎င်းနည်းတူပင် ဦးဉာဏ်လင်းနှင့် တစ်ခြံတည်းနေသူ ဦးတင်အောင်ဝင်း (ဦးဉာဏ်လင်း အစ်ကို) အိမ်ကိုလည်း ဝင်ရောက်မွှေနှောက်မှုများပြုခဲ့သည်။

ULA/AA ဖြင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးသွားခြင်း ဖြစ်နိုင်ကြောင်း ရပ်ကွက်သားအချို့က ထင်ချက်ပေး ပြောဆိုကြသည်။

Photo-AFP/ Hla Hla Htay

Telegram ၊Website နှင့် Facebookများ တွင် Arakan Bay News သတင်းများကို ဖတ်ရှုနိုင်ပါသည်။

Telegram

www.arakanbaynews.com

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ