Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်တွင် စစ်ကောင်စီ၏လက်နက်ကြီကျည်ထိမှန်၍ မူဆလင်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်၊ ဘူသီးတာင်မြို့နယ်တွင် စစ်ကောင်စီတပ်မ ၂၂ လက်အောက်ခံ ခမရ ၂၁၀ တပ်ရင်းမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် နိုဝင်ဘာလ ၁၉ ရက် နံနက် ၉ နာရီ ၃၀ ခန့်က အနီးအနားရှိရွာမှ မူဆလင်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။

ဒဏ်ရာရှိသွားသူမှာ ဘူသီးတောင်မြို့နယ်၊ ဖရုံချောင်းအုပ်စု၊ ပြိုင်းတောင်(မူဆလင်) ရွာမှ ဘ ဦးအီဆ၏သား ဦးဆောတူဆလင် ၅၈ နှစ် ဖြစ်သည်။

၎င်းတွင် ဘယ်ခြေဒူးကောက်တွင် ဒဏ်ရာရရှိခဲ့ပြီး ငှက်ပျောချောင်းရွာတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ဒဏ်ရာရသူ ဦးဆောတူဆလင်မှာ မိမိနေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့ကလည်း တရားဟောရန်သွားသည့် မော်လဝီတရားဟောဆရာတစ်ဦးမှာ သရက်တောင်ဘုရားကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းကြောင့် လက်နက်ကြီးကျည်စ ထိမှန်ပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ