Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူးသီးတောင်တွင် စကစ၏ လက်နက်ကြီးကျည်ထိမှန်၍ ထိခိုက်ဒဏ်ရာရသူ မော်လဝီဆရာ ဆေးကုသမှုခံယူနေရ

အောက်တိုဘာလ ၂၇ ရက်နေ့က စကစမှ ရမ်းသမ်းပစ်သည့် လက်နက်ကြီးကျည် ထိမှန် ဒဏ်ရာရခဲ့သည့် ဘူးသီးတောင်မြို့နယ်မှ မော်လဝီဆရာ ဘူးသီးတောင်မြို့ပြည်သူ့ဆေးရုံတွင် ခွဲစိပ်ကုသမှု ခံယူနေရကြောင်း နီးစပ်သူတစ်ဦးကပြောသည်။

ရခိုင်ပြည် ဘူးသီးတောင် မြို့ နယ် ဖိုးခေါင်ချောင်း (မူဆလင်) ရွာနေ အဘ(ဦးအာလီယာမောက်)၏သား မော်လဝီဆရာ နိုရှုဆလင် အသက် ၆၀ နှစ်ဖြစ်သည်။

၎င်းမော်လဝီဆရာတွင် ခန္ဓာကိုယ်နှင့် ဘယ်ဖက်ပေါင်တို့တွင် လက်နက်ကြီး ထိမှန်ခဲ့ပြီး ပေါင်ဒဏ်ရာကို အကြီးစားခွဲစိပ်ကုသမှု ပြုလုပ်ထားရကြောင်း နီးစပ်သူက ပြောသည်။

“ပေါင်က ဒဏ်ရာက အရမ်းများတယ်။ ခုတော့ သူ့ဒဏ်ကို ခွဲစိပ်ထားပြီးပြီ။ လူကလည်း အသက်ကြီးပိုင်းဆိုတော့ အသက်အန္တရယ်ကိုပါ စိုးရိမ်ရပါတယ်။ သူ့ကိုတော့ ဘူးသီးတောင်ပြည်သူ့ဆေးရုံတွင် ခွဲစိပ်ကုသပေးလျက်ရှိသည်။

လက်နက်ကြီးပစ်ခတ်သည့် စကစတပ်မှာ ဘူးသီးတောင်မြို့နယ် သရက်တောင်ရွာ၏ ဘုရားကုန်းတွင် တပ်စွဲထားသောတပ်ဖြစ်သည်။

ယမန်နေ့က ဘူးသီးတောင်မြို့နယ်ရှိ သရက်တောင်ရွာ၊ မညှင်းတောင်ရွာဖက်တို့တွင်လည်း စကစတပ်မှ လက်နက်ကြီးများဖြင့် တနေကုန် ဆက်တိုက် ပစ်ခတ်လျက်ရှိခဲ့ရာ တောင်ယာနှင့် လယ်ကွင်းများတွင် ကျရောက်၍ ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဘူးသီးတောင်တွင် စကစ၏ လက်နက်ကြီးကျည်ထိမှန်၍ ထိခိုက်ဒဏ်ရာရသူ မော်လဝီဆရာ ဆေးကုသမှုခံယူနေရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ