
AB News – ဒီဇင်ဘာ ၅ ၊ ၂၀၂၄
ရက္ခိုင်ပြည် ဘူးသီးတောင်မြို့နယ် ၊ ဆင်စွယ်ရ(သက္ကမ) ကျေးရွာကို အကြမ်းဖက် ARSA အဖွဲ့ဝင်များက လက်နက်ငယ် များဖြင့် ဝင်ရောက်ပစ်ခတ်မှုများပြုလုပ်ပြီး ၊ နေအိမ်များကို မီးရှိုးဖျက်စီးခဲ့သည့်အတွက် အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးသေဆုံးသွားရပြီး ၊ နေအိမ် ၂ ဆောင်မီးလောင်ပျက်စီးသွားခဲ့ရကြောင်း သိရှိရသည်။
အကြမ်းဖက် ARSA အဖွဲ့သည် ယမန်နေ့ ၊ ဒီဇင်ဘာလ ၄ ရက်နေ့ ၊ ညဥ့် ၁၂ နာရီအချိန်ခန့်တွင် ဆင်စွယ်ရကျေးရွာသို့ ဝင်ရောက်ပြီး လက်နက်ငယ်များနှင့်ပစ်ခတ်ကာ နေအိမ်များကို မီးရှိုးဖျက်စီးမှုများကို ပြုလုပ်ခဲ့ကြောင်း ဒေသခံအရင်းအမြစ် ၁ ဦးက AB News သို့ပြောသည်။
“သူတို့ အာဆာအဖွဲ့တွေက ညဥ့်နက်လောက်မှာ ရွာထဲ့ကို သေနတ်တွေပစ်ပြီးတေ့ာဝင်လာတယ်။ အဲ့ဒါနဲ့ ရွာသားတွေလည်း သေနတ်သံကြားလို့ ကြောက်ပြီးအိမ်ထဲကနေ ထွက်ပြေးကြတယ်။ မိန်းကလေးငယ် ၁ယောက် ကျည်ကျပြီးသေသွားတယ်။ ပြီးတေ့ာ အိမ်တွေကိုလည်း မီးရှို့ခဲ့သေးတယ်” ဟုဆိုသည်။
ARSA အကြမ်းဖက်အဖွဲ့များသည် ဆင်စွယ်ရကျေးရွာထဲသို့ ဝင်ရောက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ရုံသာမက နေအိမ် ၂ ဆောင်ကိုလည်းမီးရှိုးဖျက်စီးခဲ့ကြောင်း သိရှိရသည်။
ARSA အကြမ်းဖက်အဖွဲ့၏ ဆင်စွယ်ရရွာထဲသို့ ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှိုးဖျက်ဆီးမှုကြောင့် ရပ်ရွာထဲမှ ရွာသားများမှာ နေအိမ်များကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း ၎င်း ကထပ်မံပြောဆိုသည်။
“ရွာသားတွေက ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးသွားကြတယ်။ ရွာသားတွေကို ခုထိ သေချာ စုလို့မရသေးဘူး။ လူအရေအတွက် ပြန်စစ်ကြည့်ရမယ်။ ကျနော် တစ်ခုတောင်းဆိုချင်တာက ဒီအကြမ်းဖက် အာဆာအဖွဲ့တွေကို ထိထိရောက်ရောက်အရေးယူပေးစေချင်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့ ၊ ညနေ ၄ နာရီ အချိန်ခန့်တွင်လည်း အကြမ်းဖက် ARSA အဖွဲ့ဝင်များ၏ လက်နက်ငယ်ကျည်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် မောင်တောမြို့နယ် ၊ အောင်ဇေယျကျေးရွာမှ အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ရသည်။
ထိုသို့ ပြည်သူများအား အကြမ်းဖက်မှုပြုလုပ်နေသော ARSA အဖွဲ့ဝင်များအား အာရက္ခတပ်တော် AA က လိုက်လံရှာဖွယ် တိုက်ခိုက်လျှက်ရှိကြောင်းလည်း သိရသည်။