သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘူသီးတောင်မြို့တွင် မူဆလင် နွားကုန်သည်နှစ်ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီး၊ ပါလာသည့် ငွေများအားလည်း သိမ်းဆည်း

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင် စစ်ကောင်စီတပ်မှ မူဆလင် နွားကုန်သည် နှစ်ဦးအား ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက် မွန်းလွဲ ၁၀ နာရီ ၃၀ ဘူးသီးတောင် ဘုတ်ဆိပ် အရောက်တွင် ရိုက်နှက်သတ်ပုတ်ကာ ဖမ်းဆီးသွားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူများမှာ ဘူးသီးတောင်မြို့နယ် ဝက်မကျ (မူဆလင်)ရွာနေ ဦး အာမီဟူဆောင်း၏သား ဦးချောင်ချူအာလောင် ၅၀ နှစ် နှင့် ဦးအီဆ့၏သား ဦးအီဆူး ၄၉ နှစ်တို့ဖြစ်ကြသည်။

သူတိုနှစ်ဦးမှာ တစ်ရွာတည်းနေ ဦးရော်ဖီး ၃၀ နှစ်၏ ဘုတ်ဖြင့် ဘူးသီးတောင်မြိူ့သို့ နွားရောင်းထားသည့်ငွေအား သွားယူ၍အပြန် ဘုတ်ဆိပ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရချိန်တွင် သူတို့နှင့်အတူ နွားရောင်းရငွေ သိန်း၆၀၀ လည်းပါသွားကြောင်းသိရသည်။

“သူတို့ကို ဘုတ်ဆိပ်မှာဖမ်းတာ၊ အရမ်းရိုက်နှက်ပြီးတော့ ဖမ်းတာလို့ပြောတယ်၊ ဘာမှ အပြစ်မရှိဘဲ ဖမ်းတာ၊ ပြီးတော့ ပိုက်ဆံတွေလည်း ပါသွားတာဆိုတော့ ပိုက်ဆံလိုချင်လို့ ဖမ်းတာလို့ပဲ ထင်တယ်” ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။

လက်ရှိ နိုဝင်ဘာလတွင် စစ်ကောင်စီတပ်မှ အကြောင်းအမျိုးမျိုးပြု၍ အရပ်သားပြည်သူများကို ဖမ်းဆီးထိန်းသိမ်းမှုများကို ရခိုင်ပြည်အနှံ လုပ်ဆောင်လျက်ရှိနေသည်။

ဘူသီးတောင်မြို့တွင် မူဆလင် နွားကုန်သည်နှစ်ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီး၊ ပါလာသည့် ငွေများအားလည်း သိမ်းဆည်း

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘူသီးတောင်မြို့နယ် ၊ ဆင်စွယ်ရကျေးရွာကို အကြမ်းဖက် ARSA အဖွဲ့က လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ပြီး၊ နေအိမ်များကို မီးရှိုးဖျက်ဆီးခဲ့သည့်အတွက် ဆယ်ကျော်သက် မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၊ နေအိမ်၂ ဆောင်မီးလောင်ပျက်စီး