Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလီအကြမ်းဖက်သမားများကို လက်နက်ရောင်းချမှုကြောင့် နယ်ခြားစောင့် ဌာနချုပ်ကွပ်ကွဲရေးမှူးအရေးယူခံရ

ဘင်္ဂလီအကြမ်းဖက်သမားများကို လက်နက်ရောင်းချမှုကြောင့် နယ်ခြားစောင့် ဌာနချုပ်ကွပ်ကွဲရေးမှူးအရေးယူခံရ

AB News-ဖေဖော်ဝါရီ ၁၃၊ ၂၀၂၄

တောင်ပြိုမြို့နယ်၊ကျီးကျွန်းတွင်နေထိုင်နေကြသည့်
ဘင်္ဂလီအကြမ်းဖက်သမားများကို လက်နက်ရောင်း ချမှုကြောင့် မောင်တော-ကျီးကန်းပြင် အမှတ်(၁)နယ်
ခြားစောင့်ရဲကွပ်ကဲမှူး အဖွဲ့မှူးရုံးမှ ကွပ်ကဲရေးမှူး ရဲမှူးချုပ်ထက်လွင်အား စစ်ကောင်စီကဖမ်းဆီးအရေးယူလိုက်ကြောင်း နယ်ခြားစောင့်တပ်အသိုင်းအဝိုင်းက ပြောသည်။

ထိုနေရာအား အင်းဒင်နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ (၆)မှ ရဲတပ်ရင်းစုမှူးရဲမှူး နေစိုးအေးအား ကွပ်ကဲရေးမှူးအဖြစ် နေရာအစားထိုးခန့်ထားလိုက်ကြောင်း နယ်ခြားစောင့်အသိုင်းအဝန်းများထံမှသိရသည်။

ထိုကွပ်ကဲရေးမှူးထက်လွှင်အား ဖေဖော်ဝါရီ ၁၀ ရက်နေ့၌ ရဟတ်ယာဥ်ဖြင့်ခေါ်ဆောင်သွားပြီး သူ့နေရာအား အင်းဒင်အခြေစိုက်နယ်ခြားစောင့်တပ်ဖွဲ့ခွဲနခခ(၆)မှရဲတပ်ရင်းစုမှူး ရဲမှူးနေစိုးအေးအားကွပ်ကဲရေးမှူးအဖြစ် ရာထူးတိုးခန့်လိုက်ခြင်းလည်းဖြစ်သည်။

မောင်တောမြို့ရှိ နယ်ခြားစောင့်တပ်စခန်းများဖြစ်ကြတဲ့တောင်ပြို(လက်ယာ)ရှိနယ်ခြားစောင့်စခန်းအား ဖေဖော်ဝါရီ ၄ ရက်နေ့၌ ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်နိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့တွင် တောင်ပြို(လက်ဝဲ)ရှိ စစ်ကောင်စီဗျူဟာကုန်းနှင့် နယ်ခြားစောင့်စခန်းများအား အပြီးသတ်သိမ်းပိုက်ခဲ့သည်။

ထိုသို့ ရက္ခိုင့်တပ်တော် AA မှတောင်ပြိုလက်ယာ/လက်ဝဲရှိ နယ်ခြားစောင့်စခန်းများနှင့်စစ်ဗျူဟာကုန်းများအား ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံဖက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် နယ်ခြားစောင့် ၃၃၀ ထွက်ပြေးခဲ့ကြရပြီး လက်နက်ခဲယမ်းများအား ARakan Rohingya Army(ARA)အဖွဲ့သို့ ဘင်္ဂလာတာကာငွေ ၁ သန်းဖြင့်ရောင်းချခဲ့ကြောင်း ရက္ခိုင်တပ်တော်မှဖမ်းဆီးရမိသည့် နယ်ခြားစောင့်များအား စစ်ဆေးရာတွင် ထွက်ဆိုခဲ့ကြောင်း AA ဖက်ကသတင်းထုတ်ပြန်ထားသည်။

ထို့အပြင် လက်နက်ခဲယမ်းများနှင့် WY စိတ်ကြွမူးယစ်ဆေးများအပြင် Ice များပါ ဖမ်းဆီးရမိကြောင်းထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ထိုကဲ့သို့နယ်ခြားစောင့်များ တဖက်နိုင်ငံသို့ထွက်ပြေးမှု၊လက်နက်ရောင်းချမှု၊မူးယစ်ဆေးဝါးများတွေ့ရှိမှုတို့ဖြင့်ဖမ်းဆီးအရေးယူနိုင်ရန် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆိုကြသည်။

Website
www.arakanbaynews.com   
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ