Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
 ဘင်္ဂလီမူးယစ်ဂိုဏ်းများအား စစ်ကောင်စီအဖွဲ့ တာကာ ဆယ်သန်းဖြင့် လက်နက်များကို ရောင်းချထား

AB News – ဖေဖော်ဝါရီလ ၈၊ ၂၀၂၄

 တောင်ပြို (လက်ဝဲ/လက်ယာ)စခန်းများရှိ လက်နက်ခဲယမ်းများကို ဘင်္ဂလီအကြမ်းဖက် မူးယစ်ဂိုဏ်းများဖြစ်သည့် ARAနှင့် RSO တိုနှင့် ကြိုတင်ညှိုနိူင်းမှုပြုလုပ်ကာ ရဲမှူးများက ဘင်္ဂလာဒေ့ရှ်ငွေ တာကာ (Taka) ဆယ်သန်းဖြင့် ရောင်းချထားခဲ့ကြောင်း ယမန်နေ့ ညဥ့် ၁၂နာရီ ၂၀မိနစ်အချိန်တွင် ရက္ခိုင့်တပ်တော်က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် “တောင်ပြို (လက်ယာ) စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်ခင်ကတည်းကပင် တောင်ပြို (လက်ဝဲ/လက်ယာ) စခန်း နှစ်ခုစလုံးမှ နယ်ခြားစောင့်တပ်မှူးများနှင့် ဘင်္ဂလီလက်နက်ကိုင်တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်ကြသော (ARA) နှင့် (RSO) တပ်ဖွဲ့ဝင်များ သည် ကြိုတင်ညှိုနှိုင်းမှုပြုလုပ်ခဲ့ကာ နားလည်မှုရယူထားခဲ့ပြီး ထွက်ပြေးရန်အခြေအနေကြုံလာပါက ၎င်းစစ်ကောင်စီတပ် စခန်းများရှိ လက်နက်ခဲယမ်းများကို ဘင်္ဂလာဒေ့ရှ်ငွေ တာကာ (Taka) ဆယ်သန်းဖြင့် ရောင်းချထားခဲ့ကြောင်းနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးဝင်ရောက်နိုင်ရန်အတွက် ARA အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြောင်း စသည့် အချက်အလက်များအား ရက္ခိုင့်တပ်တော်က ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများထံမှ သိရှိရသည်” ဟု ဖော်ပြထားသည်။

စစ်ကောင်စီအဖွဲ့၏ နယ်ခြားစောင့်တပ်များနှင့် နိုဘီဟူဆောင်း ခေါင်းဆောင်သည့် ARA (Arakan Rohingya Army) အဖွဲ့အစည်းတို့သည် ရင်းနှီးသောဆက်ဆံရေးအပြင် အပေးအယူများနှင့် အတူ နားလည်မှုရှိရှိဖြင့်နေခဲ့ကြသည်ဟု ဖမ်းဆီးရခဲ့သည့် သုံ့ပန်းများထံမှ သိရှိရကြောင်း ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်က သိမ်းဆည်းရမိသည့် ARA တပ်စခန်းများထဲတွင် တောင်ပြို (လက်ဝဲ/လက်ယာ) ရဲမှူးများမှ တာကာဆယ်သန်းဖြင့်ရောင်းချခဲ့သော လက်နက်ခဲယမ်းများအပြင် ရက္ခိုင့်တပ်တော်က သိမ်းပိုက်နေစဉ် စပ်ကြား အဆိုပါဗျူဟာစခန်းများရှိ လက်နက်ဂိုဒေါင်များမှ လုယူသွားသော လက်နက်ခဲယမ်းများ၊ ပလတ်စတစ်လက်နက်များ၊ WY မူးယစ်ဆေးဝါး ၆၉ ထုတ်နှင့် ရေခဲ ၂၈ ထုတ်တို့ကိုလည်း ARA စခန်းအတွင်းမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဘင်္ဂလာ-ရက္ခိုင်နယ်စပ်၊ မောင်တောမြို့မြောက်ပိုင်းရှိ နယ်ခြားစောင့်တပ်စခန်း (တစ်နည်း) ဗျူဟာစခန်းနှစ်ခုဖြစ်သော တောင်ပြို (လက်ဝဲ- လက်ယာ) ဗျူဟာစခန်းတို့အား ရက္ခိုင့်တပ်တော်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့၊ နံနက် ၅ နာရီ ၁၀ မိနစ်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ညနေ ၆ နာရီခန့်တွင် တောင်ပြို (လက်ယာ) ဗျူဟာစခန်း တစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ ၁၂ နာရီအတွင်း အလုံးစုံသိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

တောင်ပြို (လက်ယာ) ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက်  ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ညနေပိုင်းတွင် တောင်ပြို (လက်ဝဲ) စခန်းကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ