Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလား ပင်လယ်အော် အရှေ့ တောင်ပိုင်းတွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၁၀) အကွာခန့် ပင်လယ်ပြင်ကို ဗဟိုပြုနေ

ဘင်္ဂလား ပင်လယ်အော် အရှေ့ တောင်ပိုင်းတွင်ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၁၀) အကွာခန့် ပင်လယ်ပြင်ကို ဗဟိုပြုနေ

ABN-မေအိအိအောင်

ယနေ့ မေလ ၁၀ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ် မိုးဇလ၏ တိုင်းတာချက်အရ အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် (Depression) သည် လက်ရှိတွင် ရခိုင်ပြည် ၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၇၁၀) အကွာခန့်ရှိ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်းသိရသည်။

အဆိုပါ မုန်တိုင်းငယ် (Depression)သည် ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းသို့ ဦးတည် ရွှေ့လျားနိုင်ခြေရှိပြီး လိမ္မော်ရောင်အဆင့်သတ်မှတ်ထားသည်။

မုန်တိုင်းငယ်(Depression) သည် မြောက်လတ္တီကျု(၈.၉)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု(၈၈.၉)ဒီဂရီတွင်ရှိပြီး၊ ဗဟို ချက်လေဖိအား (၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်းခန့် ဖြစ်သည်။

နောက်လာမည့် ၅ ရက်အတွင်း ခန့်မှန်းချက်အရ အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ ပိုမိုအားကောင်းလာကာ မေလ ၁၁ နှင့် ၁၂ ရက်တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ အားအလွန်ကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဖြစ်ပြောင်းလဲပြီး ထို့နောက် မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနှင့် မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ (Coxs Bazar)နှင့် မြန်မာ နိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းများတိုက်ခတ်ခြင်း၊ မြေပြိုခြင်းများ ၊ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန်နှင့် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ရန် သတိပေးထားသည်။

ယင်းအပြင် လိုအပ်သော ဆေးဝါးများ၊ သောက်သုံးရေများ၊ ချက် ပြုတ်ရလွယ်သည့် အစားအစာများကို ကြိုတင်ပြင်ဆင်ထားရန် နှင့်ဓာတ်မီး ၊ ဖယောင်းတိုင်များအပါအဝင် ရေတွင်ပေါ်နိုင်သော သက်ကယ်အင်္ကျီ၊ တာယာကွင်းများကို မိမိနှင့်အတူဆောင်ထားရန် စသည့်အပြင် အရေးကြီးသည့်စာရွက်စာတမ်း၊ ရွှေငွေများကို သေသေချာချာ ကြိုတင်သိမ်းဆည်းထားရန်လည်း ရက္ခိုင့်တပ်တော် ULA/AAက ထုတ်ပြန် အသိပေးထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဟောင်ကောင်တွင် အင်အားပြင်း တိုင်ဖွန် မုန်တိုင်း ၃ လုံး တိုက်ခတ်နိုင်ဖွယ်ရှိသောကြောင့် ရာချီသည့် လေကြောင်းခရီစဥ်များကို ဖျက်သိမ်းလိုက်ရပြီး၊ ကျောင်းများ၊ စျေးများ၊ နှင့် စီးပွားလုပ်ငန်းများကိုပါ ရပ်နားထားရ
မုန်တိုင်းကြောင့် မဟာမုနိဘုရားတွင် စိန်ပွင့်ငယ်တစ်ပွင့် ပျောက်ဆုံးနေပြီး၊ ပြိုကျသွားသည့် ကျောက်စိမ်းတုံးထားရှိသည့် အဆောင်ငယ်ကို မြောက်ဦးဆရာတော်မှဦးဆောင် ပြုပြင်သွားမည်ဟုသိရ