Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် လာမည့် ဇူလိုင် ၂၀- ၂၁ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ရန် ၈၀ ရာခိုင်နှုန်းသေချာဟု မိုးဇလပညာရှင်ဆို

ABN-ရှိုင်းမိုး

ဇူလိုင် ၁၂ရက်

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ယခုလာမည့် ဇူလိုင်လ ၂၀နှင့် ၂၁ ရက်နေ့ကြားတွင် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ကြောင်း ၈၀ ရာခိုင်နှုန်းခန့်သေချာနေသည်ဟု မိုးဇလပညာရှင် ဦးဝင်းနိုင် ထုတ်ပြန်ထားသည်။

Global Tropics Hazard Outlook(GTHO) သည်လည်း ယခု ဇူလိုင်လ ၁၉ ရက်မှ ဇူလိုင်လ ၂၅ ရက်အတွင်းမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ တောင်တရုတ်ပင်လယ်နဲ့ ပစိဖိတ်အနောက်မြောက်(အရှေ့ဖိလစ်ပိုင်ပင်လယ်)များမှာ မုန်တိုင်းဖြစ်နိုင်သည့် ရာခိုင်နှုန်း ၂၀ မှ ၄၀ အထက်ရှိကြောင်းထုတ်ပြန်ထားသည်။

ဇူလိုင် ၂၀ ရက်နေ့တွင် “မုန်တိုင်းဖြစ်လာမယ်ဆိုရင်” မုန်တိုင်းက အနောက်-အနောက်မြောက်ဘက် အိန္ဒိယနိုင်ငံ ဩရိဿကမ်းခြေဘက်ကို ဦးတည်ရွေ့လျားနိုင်ပြီး၊ အပူပိုင်းဆိုင်ကလုန်း(TC)အဆင့်အထိရောက်နိုင်ကြောင်း ECMWF model ကြိုတင်ခန့်မှန်းချက်အရသိရသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် လေတိုက်နှုန်း တစ်နာရီ မိုင် ၂၀ မှ ၃၅ မိုင်ခန့်အထိရှိနိုင်ပြီး လှိုင်းအမြင့် ၁၁ ပေခန့်အထိ ရှိနိုင်ကြောင်းသိရသည်။ တစ်နိုင်ငံလုံးမှာ နေရာအနှံ့မိုးရွာသွန်းခြင်းက ဇူလိုင် ၁၈ ရက်နောက်ပိုင်းမှ ဇူလိုင် လကုန်အထိရှိနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးပိုများနိုင်သည်ဟု ထုတ်ပြန်ထားသည်။

ကြိုတင်ခန့်မှန်းချက်ဖြစ်ပြီး ပင်လယ်ပြင်ထွက်မည့်သူများအတွက် EARLY WARNING ဖြစ်သောကြောင့် ချင့်ချိန်နိုင်ကြရန်လည်း တိုက်တွန်းထားခြင်းဖြစ်သည်ဟုဆိုထားသည်။

ရခိုင်တွင် ပြီးခဲ့သည့်မေလ ၁၄ရက်နေ့က တိုက်ခတ်သွားသည့် မိုခါဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကြောင့် လက်ရှိအချိန်ထိ နေအိမ်ကို ပြန်မဆောက်နိုင်သည့်အတွက် အိုးမဲ့အိမ်မဲ့ မိသားစုများစွာ ကျန်ရှိနေသေးသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ