Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေဆက်လက်အားကောင်းနေ၊ မိုးရွာသွန်းမှုများ၍ ပင်လယ်ရေလှိုင်းကြီးနိုင်

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေဆက်လက်အားကောင်းနေ၊ မိုးရွာသွန်းမှုများ၍ ပင်လယ်ရေလှိုင်းကြီးနိုင်

ABN-ဟိန်းထွန်း

သြဂုတ် ၇ ရက်

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မုတ်သုံလေ ဆက်လက်အားကောင်းနေပြီး နောက် ၂၄ နာရီအတွင်း မိုးများရွာသွန်း၍ လှိုင်းကြီးနိုင်ကြောင်း မိုး/ဇလမှ ထုတ်​ပြန်ထားသည်။

ယနေ့မြန်မာစံတော်ချိန် ၁၀ နာရီခွဲထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအလွန်ကောင်းနေပြီး တိမ်အသင့်အတင်းဖြစ်ထွန်းနေကြောင်းသိရသည်။

အဆိုပါမုတ်သုံလေကြောင့် ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်တွင် မိုးသက်လေပြင်းများကျရောက်ကာ လှိုင်းအမြင့်ပေ ၉ ပေမှ ၁၃ ပေထိမြင့်တက်နိုင်ကြောင်း မိုးဇ/လမှထုတ်ပြန်ထားသည်။

မိုက်သက်လေပြင်းများကျရောက်ချိန် ၁ နာရီလျှင်မိုင် ၄၀ ထိ တိုက်ခတ်နိုင်ပြီး ကမ်းရိုးတန်းနှင့်နီးသောဒေသရှိ ကုန်းမြေများသည် အလွယ်တကူပြိုကျနိုင်ကြောင်းတွေ့ရသည်။

အားအလွန်ကောင်းနေသည့် မုတ်သုံလေကြောင့် မိုးများဆက်လက်ရွာသွန်းနိုင်သော်လည်း သြဂုတ်လ ၁၆ ရက်နေ့ထိ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရခိုင်တွင် ဇွန်လ ၂၈ ရက်မှ သြဂုတ်လ ၅ ရက်နေ့ထိ မိုးထစ်ချုန်းရွာသွန်းမှုကြောင့် စစ်ဘေးရှောင်စခန်းတစ်ချို့တွင် ရေများမြင့်တက်လာ၍ ပြည်သူများကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရသည့်အပြင် ကျေးရွာအများအပြားတွင်လည်း ရေများဝင်ရောက်ခဲ့သည့်အတွက် နေအိမ်များ ပျက်စီးသွားခဲ့ကြောင်းတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ