Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်အစိုးရတပ်များကို စုံစမ်းစစ်ဆေးပြီး နိုင်ငံတကာစစ်ရာဇဝတ်ရုံးနှင့် ညှိနှိုင်းဆောင်ရွက်သင့်

AB News-ဖေဖော်ဝါရီလ ၉၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်အစိုးရတပ်များကို စုံစမ်းစစ်ဆေးပြီး နိုင်ငံတကာစစ်ရာဇဝတ်ရုံးနှင့် ညှိနှိုင်းဆောင်ရွက်သင့်ကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၈ရက်နေ့တွင် Fortify Rightsက တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် ရက်စက်ကြမ်းကြုတ်သည့်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နိုင်ခြေရှိသော မြန်မာနယ်ခြားစောင့်တပ် (BGP)ကို ဘင်္ဂလားဒေ့ရှ်အစိုးက စုံစမ်းစစ်ဆေးသင့်ပြီး မူဆလင်များအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအား ဆက်လက်စုံစမ်းရန် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICJ)နှင့် ညှိနှိုင်းဆောင်ရွက်သင့်သည်ဟု Fortify Rightsက ပြောဆိုသည်။

မကြာသေးမီ ရက်ပိုင်းအတွင်း ရက္ခိုင်ပြည်ရှိ တော်လှန်ရေးအဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်နှင့် ဖြစ်ပွားသောတိုက်ပွဲကြောင့် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ရာနှင့်ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် စစ်ကောင်စီတပ်၏ အရာရှိများကို အလျင်အမြန် ပြန်ပို့ရေးကို ရှောင်ရှားပြီး ၎င်းတို့လိုအပ်မည့် အကူအညီနှင့် အကာအကွယ်များပေးကာ မြန်မာနိုင်ငံရှိ ရက်စက်ကြမ်းကြုတ်သည့်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နိုင်ခြေရှိသော အခန်းကဏ္ဍများကို စုံစမ်းစစ်ဆေးသင့်ကြောင်း Fortify Rights မှ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောဆိုသည်။

“နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းက အခြားမြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်များအနေဖြင့် အကျိုးဖြစ်ထွန်းနိုင်တယ်” ထပ်မံပြောဆိုခဲ့သည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ကနေ ၂၀၁၈ခုနှစ်၊ မတ်လအထိထိုလူမျိုးတုန်းသတ်ဖြတ်မှုဖြစ်စဉ်အတွင်း မောင်တောဒေသရှိ မူဆလင်ကျေးရွာပေါင်း ၃၆၂ ရွာ မီးရှို့ခံခဲ့ရကာ လူပေါင်း ၆၈၀၀၀၀ ကျော် အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရကြောင့် လူ့အခွင့်အ ရေးစောင့်ကြည့်ရေးအဖွဲ့(Human Right Watch-HRW)က ၂၀၁၈ ခုနှစ်၊မတ်လ ၁၂ ရက်နေ့ကထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ့်သို့ ထွက်ပြေးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄၅ဦးခန့်အနက် တပ်ဖွဲ့ဝင်အချို့မှာ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့ရှိ မူဆလင်ရွာများကို မီးရှို့တိုက်ခိုက်ခဲ့သည့်အပြင် မူဆလင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ရာတွင် ပါဝင်ပတ်သက်နေကြောင်း သိရသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ