Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်ရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စစ်ဆေးအရေးယူသင့်

ဘင်္ဂလားဒေ့ရှ်ရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စစ်ဆေးအရေးယူသင့်

AB News – ဖေဖော်ဝါရီလ ၈၊ ၂၀၂၄

၂၀၁၇ ခုနှစ်၊ သြဂတ်လမှ စတင်ကာ ရက္ခိုင်ပြည် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့ရှိ မူဆလင်ရွာများကို မီးရှို့တိုက်ခိုက်ခဲ့သည့်အပြင် မူဆလင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ရာတွင် ဘင်္ဂလားဒေ့ရှ့်သို့ ထွက်ပြေးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄၅ဦးခန့်အနက် အရာရှိတပ်ဖွဲ့ဝင်အချို့နှင့် ကိုယ်ထိလက်ရောက် ကျူးလွန် သတ်ဖြတ်ခဲ့သူများ ပါဝင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

တောင်ပြိုလက်ဝဲမြို့ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းအား ရက္ခိုင့်တပ်တော်မှ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်စဥ် စစ်ရှုံး၍ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က ထွက်ဆိုဝန်ခံမှု ရှိခဲ့ကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်များက Arakan Bay News သို့ပြောသည်။

“မူဆလင်အရေးအခင်းမှာ ရက်ရက်စက်စက် ညွှန်ကြားခဲ့သူတွေပါတယ်။ ကိုယ်တိုင်သတ်ခဲ့တဲ့သူတွေပါတယ်လို့ သိရပါတယ်။ သူတို့ (စစ်ကောင်စီအဖွဲ့)ကိုယ်တိုင် ဝန်ခံထားတာပါ” ဟုဆိုသည်။

၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၅ ရက်နေ့ကနေ ၂၀၁၈ခုနှစ်၊မတ်လအထိ ထိုလူမျိုးတုန်းသတ်ဖြတ်မှုဖြစ်စဉ်အတွင်း မောင်တောဒေသရှိ မူဆလင်ကျေးရွာပေါင်း ၃၆၂ ရွာ မီးရှို့ခံခဲ့ရကာ လူပေါင်း ၆၈၀၀၀၀ ကျော် အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရကြောင်း လူ့အခွင့်အ ရေးစောင့်ကြည့်ရေးအဖွဲ့(Human Right Watch-HRW)က ၂၀၁၈ ခုနှစ်၊မတ်လ ၁၂ ရက်နေ့ကထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်မူဆလင်ဒုက္ခသည်စခန်းများမှ မူဆလင်များကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နေရပ်ပြန်မပို့ဘဲ လူမျိုးတုံးသတ်ဖြတ်မှုအတွက် သက်ဆိုင်ရာနိုင်ငံတကာ တရားခုံရုံးမှ အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုမှုများလည်းရှိနေသည်ဟု ဖလောင်းချိတ်ရှိ မူဆလင်ဒုက္ခသည်များကတောင်းဆိုကြောင်း သိရသည်။

မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်ရှိ စစ်ကောင်စီ၏ ရဲစခန်း၊ ကင်းစခန်း၊ ချောင်းဝကင်းစခန်း၊ နယ်စပ်ခြံစည်းရိုးကင်းစခန်းများမှ စခန်း ၃၀ ကျော်ကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့တွင် စီးနင်းဝင်ရောက်ကာ အကြမ်းဖက်တိုက်ခိုက်မှု ၁ခု ဖြစ်ပွားပြီးနောက် စစ်ကောင်စီအဖွဲ့၏ တပ်မ ၂၂နှင့် တပ်ရင်း ၈၈ မှ တပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်ရှိ မူဆလင်များကို အကြမ်းဖက် သတ်ဖြတ်၊ မုဒိန်းကျင့်ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် မူဆလင်သိန်းနှင့်ချီ ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

ဘင်္ဂလားဒေ့ရှ့်သို့ ထွက်ပြေးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၄၅ဦးခန့်အနက် တပ်ဖွဲ့ဝင်အချို့မှာ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့ရှိ မူဆလင်ရွာများကို မီးရှို့တိုက်ခိုက်ခဲ့သည့်အပြင် မူဆလင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ရာတွင် ပါဝင်ပတ်သက်နေကြောင်း ဒေသခံများက 
ပြောဆိုကြသည်။

စစ်ကောင်စီအဖွဲ့က မောင်တောမြို့နယ်၊ အောင်စစ်ပြင် မူဆလင်ကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ယင်းရွာဟောင်းနေရာတွင်  နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၇ အဖြစ် အထိုင်နေရာချထားခဲ့ကြောင်း ဒေသခံများမှ တဆင့်သိရသည်။

ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားခဲ့သည့် စစ်ကောင်စီအဖွဲ့ဝင်များကို ရေကြောင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ဘင်္ဂလာအစိုးရက စီစဥ်လျက်ရှိသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ