Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးသွားသည့် စစ်ကောင်စီနယ်ခြားစောင့် ၃၃၀ ကို မနက်ဖြန် မြန်မာသို့ ပြန်ပို့မည်

AB News-ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄
ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးသွားသည့် စစ်ကောင်စီနယ်ခြားစောင့် ၃၃၀ ကို ဖေဖော်ဝါရီလ ၁၅ရက် နံနက်အစောပိုင်းအချိန်တွင် ဘင်္ဂလားပင်လယ်အော်ရှိ Ukhiya ရေတပ်ဆိပ်ခံတံတားမှ တစ်ဆင့် မြန်မာသို့ သင်္ဘောဖြင့် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့ အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan Kamal က မြန်မာ့နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်ရောက် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို မြန်မာနိုင်ငံက သိပ်မကြာခင် ပြန်ခေါ်မယ်လို့ ကျနော်ဆီကို စာပို့ထားပါတယ်။ သူတို့တပ်ဖွဲ့ဝင်တွေကို ၁၊ ၂ အရက်အတွင်း ပြန်ခေါ်မယ်လို့ မျှော်လင့်တယ်။ သူတို့က ကျနော်တို့နဲ့ ပဋိပက္ခလည်း မရှိဘူး၊ စစ်လည်း မရှိဘူး” ဟု ပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်ကာ ရက္ခိုင့်တပ်တော်က တောင်ပြိုလက်ယာတပ်စခန်းနှင့် တောင်ပြိုလက်ဝဲဗျူဟာကို ထိုးစစ်ဆင်တိုက်ခဲ့ရာ အဆိုပါ တပ်စခန်းများမှ စစ်ကောင်စီ၏ တပ်သား ၃၃၀ သည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံခဲ့ရသည်။

ဘင်္ဂလာ-ရခိုင်နယ်စပ်ရှိ တောင်ပြိုလက်ယာတပ်စခန်းကို ရက္ခိုင့်တပ်တော်က ဖေဖော်ဝါရီလ ၄ရက်နေ့တွင် သိမ်းပိုက်ပြီး ဖေဖော်ဝါရီလ ၆ရက်နေ့တွင် တောင်ပြိုလက်ဝဲဗျူဟာကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိအချိန်ထိ နယ်စပ်မြို့ဖြစ်သည့် မောင်တောတွင် စစ်ကောင်စီတပ်ခန်းများကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး၊ အခြားသော မြို့နယ်များတွင်လည်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲ ဆက်လက် ပြင်းထန်လျက်ရှိသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ