Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဗိုလ်မှူးကြီး ထိန်လင်းအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် စစ်ကောင်စီ ပြောင်းလဲခန့်

ABN – သူရမောင်

အာဏာသိမ်းပြီး ၂ နှစ်အကြာတွင် စစ်ကောင်စီမှ ရခိုင်ပြည် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ထိန်လင်းအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်လိုက်သည်ကို တွေ့ရသည်။

ဦးအောင်ကျော်မင်း နေရာတွင် ထိန်လင်းအား အစားထိုးခန့်လိုက်ခြင်းဖြစ်သည်။

ဗိုလ်မှူးကြီးအဆင့်ရှိ ထိန်လင်းမှာ NLD အစိုးရလက်ထက်က နိုင်ငံတော်သမ္မတရုံး၏ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ရခိုင်တွင် နယ်လုံအဖြစ် ၂၀၁၁ မှ ၂၀၁၇ အထိ လုပ်ခဲ့သူဖြစ်သည်။

ယခု စစ်ကောင်စီလက်ထက်တွင် စစ်ကောင်စီမှ ယာယီခန့်အပ်ထားသည့် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းအား စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်ကာ ဒေါ်အေးနုစိန်အား စစ်ကောင်စီဗဟိုအကြံပေးအဖွဲ့သို့ ရာထူးတိုးမြှင့်ခန့်လိုက်ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်အရသိရသည်။

ဗိုလ်မှူးကြီး ထိန်လင်းအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် စစ်ကောင်စီ ပြောင်းလဲခန့်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ