Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် ဖွဲ့စည်းမှုအပေါ် NUG မှ ထောက်ခံခြင်းမရှိ

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် ဖွဲ့စည်းမှုအပေါ် NUG မှ ထောက်ခံခြင်းမရှိ

ABN-ထက်မြတ်ခင်

စက်တင်ဘာ ၁၂ရက်

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် ဖွဲ့စည်းမှုအပေါ် NUGမှ ထောက်ခံမှုမရှိကြောင်း ယနေ့စက်တင်ဘာလ ၁၂နေ တွင် NUGမှတရားဝင်ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်မေလ ၂ရက်နေ့က အမျိုးသားညီညွတ်ရေး အစိုးရ NUG နှင့်မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)တို့ Zoom Meeting မှတဆင့်လက်ခံတွေ့ဆုံတွေ့ခဲ့သော်လည်း တခြား သဘောတူညီချက် တစုံတရာ မရရှိခဲ့ဟူ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

တွေ့ဆုံရခြင်း အကြောင်းရင်းမှာ

ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်များ စစ်ဒေသအလိုက် တည်ဆောက်ထားသည့် Chain of Command (COC) မှာ ပါဝင်ဆောင်ရွက်ရန် ၊ အမျိုးသားညီညွတ်ရေးအစိုးရက မြေပြင်တွင် ​

တည်ဆောက်နေသည့် အုပ်ချုပ်ရေး၊ ကာကွယ်ရေး ဆိုင်ရာယန္တရားများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် ၊ တော်လှန်ရေးအလွန် ကာလတွင် အကောင်အထည် ဖော်ရမည့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီအစဉ်များကို လက်ခံပါဝင်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ခြင်းသာဖြစ်သည်ဟု NUG ကထုတ်ပြန်ထားသည်။

ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် – BNRA အနေနဲ့လည်း အာဏာရှင် စနစ်ဟူသမျှ အပြီးသတ်ချုပ်ငြိမ်းရေးအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ အတူ မြေပြင်တော်လှန်ရေး အင်အားစုများဖြစ်သည့် PDF ၊ Local PDF အင်အားစုများ ၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများအားလုံးနဲ့လက်တွဲပူးပေါင်း တိုက်ပွဲဝင်သွားမည်ဟုဆိုထားသည်။

ဗိုလ်နဂါးဦးဆောင်သည့် MRDA အပါအဝင် တော်လှန်ရေး အဖွဲ့များစုပေါင်းထားသည့် ဗမာ့အမျိုးသား တော်လှန်ရေးတပ်မတော် – BNRAကို ဖွဲ့စည်းကြောင်း စက်တင်ဘာလ ၉ ရက်နေ့တွင် ကြေညာခဲ့သည်။

BNRA ဖွဲ့စည်းခြင်းအပေါ် ဒေသခံ PDF အဖွဲ့တစ်ချို့ကလည်း ထောက်ခံ ကြိုဆိုကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ