Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဖက်ဆစ်စစ်ကောင်စီမှ ပစ်ခတ်သော လက်နက်ကြီးကျည်စထိမှန်၍ ကျောက်တော်မြို့နယ်မှ ရွာသား ၃ဦး ဒဏ်ရာရ

AB News – ဇန်နဝါရီ ၂၊ ၂၀၂၄

ဖက်ဆစ်စစ်ကောင်စီအဖွဲ့မှ ပစ်ခတ်သော လက်နက်ကြီး ကျည်စထိမှန်ပြီး ကျောက်တော်မြို့နယ် မျောက်တောင်ကျေးရွာမှ ရွာသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု AB News မှစုံစမ်းသိရှိရသည်။

ယနေ့ နေ့လည် ၁နာရီခန့်က ကျောက်တော်မြို့အခြေစိုက် စကခ ၉ နှင့် တောင်ရှည်တောင်ဗျူဟာကုန်း များမှ ပြည်သူများအပေါ် ရည်ရွယ်၍ ပစ်ခတ်လိုက်သော လက်နက်ကြီးမှာ ကျောက်တော်မြို့နယ်၊ မျောက်တောင် ကျေးရွာဘုန်းတော်ကြီးကျောင်း အနီးတွင်ကျရောက်ပေါက်ကွဲခဲ့သည် ဟုသိရသည်။

ယင်းလက်နက်ကြီးကျည်စများကြောင့် မျောက်တောင်ရွာသား ဦးလှထွန်းကျော်၏သား ဦးကျော်သန်းနိုင် ၃၁နှစ်မှာ ပခုံးတွင်ဒဏ်ရာရရှိခဲ့ပြီး၊ ဒေါ်လှနုယဥ် ၄၂နှစ် နှင့် ဒေါ်ဗြားမ ၆၈နှစ်တို့မှာ ဘယ်ဖက် တံတောင်ဆစ်အောက်၌ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ ၁ဦးကပြောသည်။

” လက်နက်ကြီးတွေက လှမ်းပစ်နေတာပဲ။ ဘယ်နေရာကပစ်တဲ့အလုံးလဲတော့ အတိအကျမသိဘူး။ တောင်ရှည်တောင်ဗျူဟာနဲ့ ကျောက်တော် တပ်မတို့ကလှမ်းပစ်တယ်။ ဘုန်းကြီးကျောင်း နားက အပင်မှာကျကွဲတာ အနားကိုစဥ်ကျတော့ သူတို့ ၃ဦး ဒဏ်ရာရသွားတယ်” ဟုဆိုသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများမှာ ၎င်းတို့ရွာရှိ ဆေးဆရာများဖြင့် ဆေးကုသခံယူလျှက်ရှိကြောင်းသိရသည်။

၎င်းနည်းတူပင် ယမန်နေ့ ဇန်နဝါရီလ ၁ရက်နေ့ကလည်း စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်၍ ​မြောက်ဦးမြို့မှ အမျိုးသမီး ၁ဦးသေဆုံးပြီး ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖက်ဆစ်စစ်ကောင်စီအဖွဲ့များသည် စစ်ပွဲနှင့် တစုံတရာ မသက်ဆိုင်သော အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်မှာ စစ်ရာဇဝတ်မှုများအား အလွန်အကျွံချိုးဖောက်နေခြင်းပင် ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ