Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပြုလုပ်နေဆဲ ပုဏ္ဏားကျွန်း ဦးရာဇ်တောင်ကြိုးတံတားတွင် အရက်မူးပြီးဖြတ်ကူးရာမှအမျိုးသားတစ်ဦး ပြုတ်ကျ၍ ရေနစ်သေဆုံး

ပြုလုပ်နေဆဲ ပုဏ္ဏားကျွန်း ဦးရာဇ်တောင်ကြိုးတံတားတွင် အရက်မူးပြီးဖြတ်ကူးရာမှအမျိုးသားတစ်ဦး ပြုတ်ကျ၍ ရေနစ်သေဆုံး

ABN-ရှိုင်းမိုး

ဇူလိုင် ၁၀ရက်

ပုဏ္ဏားကျွန်းတွင် ယနေ့ နံနက် ၉နာရီ ၂၀ မိနစ်အချိန်က အမျိုးသားတစ်ဦး ဦးရာဇ်တောင်တံတားတွင် အရက်မူးပြီး တံတားဖြတ်ကူးရာမှ ပြုတ်ကျ၍ ရေနစ်သေဆုံးသည်ဟုသိရသည်။

သေဆုံးသွားသောသူသည် ပုဏ္ဏား​ကျွန်းမြို့နယ် စေတီရင်းရွာမှ အသက် ၄၆နှစ်အရွယ် ဦးထွန်းလှဖြစ်သည်ဟုသိရသည်။

ဖြစ်စဥ်မှာ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဦးရာဇ်တောင်ကြိုးတားကို ပြုပြင်နေကြစဥ် သေဆုံးသွားသူသည် အရက်မူး၍ တံတားပေါ်မှ သွားရာတွင် ပြုတ်ကျသွားခြင်းဖြစ်သည်ဟုသိရသည်ဟု မြို့ခံသား ကိုနိုင်လင်းဌေးက ပြောသည်။

“ဒီနေ့ မနက်က ပြုတ်ကျတာပါ၊ တံတားကပြန်ပြီးလုပ်နေတာပါ၊ မပြီးသေးပါဘူး၊ သူက အရက်သောက်ထားပါတယ်၊ အဲဒီအချိန်မှာ တံတားပေါ်က ဖြတ်သွားလို့ပြုတ်ကျသွားတာပါ” ဟု ပြောသည်။

ယနေ့မနက် ၁၁ နာရီခန့် အချိန်ထိ ရေနစ်ပြုတ်ကျသွားသောသူကို ရှာဖွေနေကြဆဲ ဖြစ်ပြီး အလောင်းကိုရှာဖွေမတွေ့သေးကြောင်း သိရသည်။

ဇူလိုင်လ ၈ ရက် နေ့လည်ပိုင်းက ကျောက်ဖြူမြို့၊ ငလပွိရပ်ကွက်မှ ၆တန်းကျောင်းသား ၂ဦးရေနစ်သေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ