Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါင်တွင် ကျည်ထိ၍ စတီးရိုးထည့်ထားရသည့် ကမ်းထောင်းကြီး စစ်ဘေးရှောင်တစ်ဦး ပြန်လည်ခွဲစိပ်ရန် ငွေ ၁၀ သိန်းကျပ်အကူအညီလိုအပ်နေ

ပေါင်တွင် ကျည်ထိ၍ စတီးရိုးထည့်ထားရသည့် ကမ်းထောင်းကြီး စစ်ဘေးရှောင်တစ်ဦး ပြန်လည်ခွဲစိပ်ရန် ငွေ ၁၀ သိန်းကျပ်အကူအညီလိုအပ်နေ

ABN-ထက်မြတ်ခင်

ရခိုင်ပြည် မြေပုံမြိုနယ် ကမ်းထောင်ကြီးစစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်တစ်ဦးမှာ ခွဲစိပ်၍ ပေါင်မှစတီရိုးပြန်ထုတ်ရန် ငွေ ၁၀သိန်းကျပ်အကူညီလိုအပ်နေသည်ဟုသိရသည်။

၎င်းစစ်ဘေးရှောင်မှာ အမ်းမြို့နယ် ဒါးလက်ချောင်း ကွေ့ရှည်ကျေးရွာမှ အသက် ၄၉နှစ်အရွယ် ဦးမိုးအောင်ဖြစ်ပြီး သူသည် ၂၀၁၉ခုနှစ် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်စဉ် စစ်ဘေးရှောင်ရန် ရွာမှ မိသားစုနှင့်အတူ ထွက်ပြေးလာစဥ် လမ်းတွင် ပေါင်ကို ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ကျည်ထိ၍ ဘယ်ဖက်ပေါင်ကျိုးသွားသဖြင့် စတီးရိုးအစားထိုးခွဲစိပ်ကုသခဲ့ရပြီး ယခုအခါ ထိုစတီးရိုးကို ပြန်လည် ခွဲစိပ်ထုတ်ရန် လိုအပ်လာသော်လည်း ငွေကြေးမရှိသဖြင့် နာကျင်ကိုက်ခဲမှုဒဏ်ကို ခံစားနေရကြောင်း ၎င်းကပြောသည်။

အစားထိုးကုသထားသည့် စတီးရိုးကို ပြန်လည်ခွဲစိပ်နှုတ်ရန်အတွက် ငွေကျပ် ၁၀ သိန်း ကုန်ကျမည်ဖြစ်ကြောင်း စစ်တွေမြို့ ပြည်သူ့ဆေးရုံက ပြောလိုက်ကြောင်း ဦးမိုးအောင်က ပြောသည်။

“ကျနော့်ပေါင်က အရမ်းကိုက်ခဲ့လာတော့ စစ်တွေဆေးရုံးသို့သွားပြတာ ၅ခါရှိပြီး ဆရာဝန်က ကျနော့်ပေါင်မှာ တတ်ထားတဲ့ စတီးရိုးကိုပြန်ထုတ်ရမယ် ငွေကြေး ၁၀သိန်းလောက်ကုန်ကျမယ်ပြောပါတယ်၊ ငွေ၁၀သိန်းက ကျနော့်အနေနဲ့ဘယ်လိုတတ်နိုင်မလဲ စားရေးသောက်ရေးတောင်အဆင်မပြေဘူး။ ကျနော်လည်း ဘာမှ မလုပ်နိုင်ပါ” ဟုပြောသည်။

ဦးမိုးအောင်မှာ ၈ တန်းကျောင်းသား ၁ ဦး၊ ၃ တန်းကျောင်းသား ၁ ဦးနှင့် ဇနီးသည်တို့နှင့်အတူ ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင် ၄ နှစ်မျှကြာနေပြီဖြစ်ကြောင်း ပြောသည်။

၎င်း၏ ဇနီးဖြစ်သူမှာလည်း သွေးတိုးရောဂါရှိသဖြင့် အပြင်ထွက် အလုပ်လုပ်ရန်လည်း မတတ်နိုင်ကြောင်း သိရသည်။

ရခိုင်ပြည်တွင် တိုက်ပွဲများ ရပ်တန့်နေချိန် အိမ်ပြန်ချင်သော်လည်း ဒဏ်ရာဖြင့် အိမ်ပြန်၍ မဖြစ်နိုင်ကြောင်းပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ