Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမှ စစ်ဘေးရှောင်လာသည့် ကိုယ်ဝန်သည်အမျိုးသမီး ၁ ဦး စက်လှေပေါ် ကလေးမွေးဖွားလိုက်ရ

ပေါက်တောမှ စစ်ဘေးရှောင်လာသည့် ကိုယ်ဝန်သည်အမျိုးသမီး ၁ ဦး စက်လှေပေါ် ကလေးမွေးဖွားလိုက်ရ

AB News – ဒီဇင်ဘာ ၉၊ ၂၀၂၃

စစ်ရေးပြင်းထန်နေသည့် ရက္ခိုင်ပြည် ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင်လာသည့် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး လမ်းခုလတ် စက်လှေပေါ်တွင် ကလေးမွေးဖွားလိုက်ရကြောင်း သိရသည်။

စစ်ဘေးရှောင်လာသည့် အမျိုးသမီးမှာ ပေါက်တောမြို့နယ်မှ (*)ရွာမှ ဦးမောင်မောင်ဌေး၏ ဇနီးဖြစ်ကြောင်း သိရသည်။

ကိုယ်ဝန်သည် အမျိုးသမီးသည် နေ့စေ့၊ လစေ့ ဖြစ်သည့်အတွက် ပေါက်တောမြို့တွင်မလုံခြုံ၍ မြောက်ဦးသို့ စစ်ဘေးရှောင်လာစဥ် ယနေ့ ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၃၀တွင် စက်လှေပေါ်၌ ကျန်းမာစွာ မွေးဖွားခဲ့ကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးက AB Newsသို့ ပြောသည်။

“သူက မွေးဖွားခါနီးဆိုတော့ မြောက်ဦးမြို့ကို စစ်ဘေးရှောင်ဖို့သွားတယ်၊ စက်လှေပေါ်မှာ မွေးဖွားတယ်၊ အမေရော့ ကလေးပါ ကျန်းကျန်းမာမာ ရှိပါတယ် “ဟု ဆိုသည်။

ပေါက်တောမြို့ထဲတွင် စစ်ကောင်စီအဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲ ဆက်လက်ရှိနေပြီး၊ စစ်ကောင်စီဖက်က လမ်းတွင် တွေ့သမျှ ပြည်သူများကို ပစ်သတ်လျက်ရှိကြောင်း ထွက်ပြေးလွတ်မြောက်လာသူများက ဆိုသည်။

ထို့အပြင် ပေါက်တောမြို့ရှိ ပြည်သူ့ဆေးရုံတွင်လည်း ဆရာဝန်များလည်း မရှိတော့ကြောင်း သိရသည်။

ထိုစက်လှေပေါ်တွင် သားဖွား ဆရာမတစ်ဦးအပါအဝင် ဒေသခံပြည်သူ ၆ ဦးထက်မနည်းပါရှိကြောင်းတွေ့ရသည်။

လက်ရှိတွင် စစ်ဘေးရှောင် မိခင်နှင့် ကလေးတို့သည် ကျန်းမာစွာနဲ့ရှိနေကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ထို့အပြင် ပေါက်တောမြို့နယ်ရှိ တစ်ချို့ နေ့စေ့၊ ရက်စေ့ ကိုယ်ဝန်ဆောင်မိခင်များစွာရှိနေပြီး ၎င်းတို့မှာ ကလေးမွေးဖွားရေး၊ ကိုယ်ဝန်ဆောင်များအတွက် ဆေးဝါများ ရရှိရေးတို့အတွက် လွန်စွာ အခက်အခဲတွေ့နေကြရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ