Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့မရဲစခန်းအား AA ဝင်သိမ်းထား၊ မြို့နယ်မှူး၊ စခန်းမှူးအပါအဝင် ရဲတပ်သား ၃၀ကျော်ကို ဖမ်းဆီးထိန်းသိမ်းထား

AB News – နိုဝင်ဘာ ၁၆၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ပေါက်တောမြို့မရဲစခန်းအား ရက္ခိုင့်တပ်တော် AA မှ ထိုးစစ်ဆင်ဝင်သိမ်းပြီး မြို့နယ်မှူး၊ စခန်းမှူးအပါအဝင် ရဲတပ်သား ၃၀ ကျော်ကို AA ကဖမ်းဆီးခေါ်ဆောင် သွားကြောင်း AB News က ထောက်လှမ်းသိရှိရသည်။

၎င်းစခန်းသို့ဝင်မသိမ်းခင် ရက္ခိုင့်တပ်တော် AA မှ တပ်ဖွဲ့ဝင်များအား လက်နက်ချအလင်းဝင်ရန် ၃ ကြိမ်တိုင်ပြောဆိုခဲ့သော်လည်း မရသည့်အတွက် ယမန်နေ့ ၁၂ နာရီခန့်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သိမ်းပိုက်နေအချိန်အတွင်း စကစရဲတပ်ဖွဲ့ဝင်များ ၁၅ မိနစ်ခန့် အပြန်အလှန်ခုခံမှုဖြစ်ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိသည်။

စစ်ကောင်စီ ရဲတပ်သားများလက်နက်ချအလင်းဝင်မှုရှိလာပြီ မြို့နယ်မှူးနှင့် စခန်းမှူးတို့ကို AA မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” AAကဝင်တိုက်ချိန်မှာ သူတို့ကခုခံတာတွေရှိတယ်၊ ခဏလောက်နေတော့ လက်နက်ချက်အလင်းဝင်ကြတယ်၊ မြို့နယ်မှူး၊ စခန်းမှူးတွေ အပါအဝင် ရဲတပ်သား တွေကို AA ဖမ်းဆီးခေါ်ဆောင် သွားတယ်”ဟု ဆိုသည်။

မြို့မရဲစခန်းအတွင်း ရက္ခိုင့်တပ်တော် AA မှ မိုင်းရှင်းလင်ရေးပြုလုပ်စဥ် မြေကြီးထဲတွင် ဝှက်ထားသည့် လက်နက်ကြီးသုံးပစ္စည်းတစ်ချို့နှင့် မြေမြုပ်မိုင်းများလည်းတွေ့ရှိရသည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်မှ အလံကိုလွင့်ထူထားကာ ရဲစခန်းကို ထိန်းချုပ်ထားပြီး၊ လက်နက်ခဲယမ်းအပြည့်ဖြင့် ကင်းချထားကြောင်း AB News ကစုံစမ်း သိရှိရသည်။

ယနေ့မနက်ပိုင်းက ပေါက်တော်ဖက်သို့ နေဗီတက်လာသည့်အတွက် စျေးဝယ်နေသောပြည်သူများလည်း ၎င်းတို့၏နေအိမ်များသို့ပြေးသွားမှုများရှိနေကြာင်း သိရသည်။

ပေါက်တောမြို့တွင် စျေးဆိုင်ခန်း တစ်ချို့ကို ပိတ်ထားသည်ဟု ဒေသခံများပြောသည်။

ထူးခြားမှုတစ်စုံတစ်ရာရှိလာပါက AB News က ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ