Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့နယ် သဲခုံကျေးရွာတွင် အရေပြားရောဂါနှင့် ဝမ်းရောဂါများခံစားနေရသည့် ကလေးငယ်များ ဆေးကုသရန်အရေးပေါ် အကူအညီလိုအပ်နေ

ABN-ထက်မြတ်ခင်

ရခိုင်ပြည် ပေါက်တောမြို့နယ် သဲခုံကျေးရွာတွင် အရေးပြားရောဂါနှင့် ဝမ်းရောဂါများခံစားနေရသည့် ကလေးငယ်များနှင့် ရွာသားများ ဆေးကုသရန် အရေးပေါ် အကူအညီလိုအပ်နေသည်ဟုသိရသည်။

လက်ရှိတွင်အရေးပေါ် ကုသရန် လိုအပ်နေသည့် ကလေး ၂၀ ဦးနှင့် လူကြီး ၅ ဦးခန့် ရှိကြောင်း ရွာသားများ ပြောကြားချက်အရ သိရသည်။

ပေါက်တောမြို့၊ မြေငူကျွန်းမြောက်ပိုင်းတွင်တည်ရှိသည့် သဲခုံကျွန်းရွာတွင် အိမ်ခြေစုစုပေါင်း ၄၀၀ကျော်ရှိပြီး ၊ ပြီးခဲ့သည့် အောင်တိုဘာလအစောပိုင်းက မုန်တိုင်းဒဏ်ကြောင့် သဲခုံ ရွာရှိ ကန်များတွင် မြစ်ရေများလွှမ်းမိုးခဲ့ကာ ၎င်းရေများကို ရွာသားများကသောက်သုံးနေကြရကြောင့် အရေပြားရောဂါနှင့် ဝမ်းရောဂါများဖြစ်ရခြင်းဖြစ်သည်ဟု ကျေးရွာသားတစ်ဦးပြောကြားချက်အရသိရသည်။

“ဖြစ်နေကျတာက ၁လကျော် ၂လနီးပါးရှိပြီး သုံးရေကလည်းမကောင်ဘူး သောက်ရေကိုတော့ ၁ဘူးကို တစ်ထောင်ကျနဲ့ဝယ်သောက်ရပါတယ် အများအားဖြင့်တော့ ကလေးတွေအဖြစ်များပါတယ်၊ လူကြီးတွေက ဖြစ်တော့ဖြစ်တယ် ဒါပေမဲ့ နည်းတယ်ဟု” ပြောသည်။

အရေပြား‌ရောဂါနှင့် ဝမ်းရောဂါများခံစားနေရသည့် သဲခုံကျေးရွာတွင် ဆေးကုသရန်ငွေကြေးအခက်ခဲ့များလည်းရှိနေကြောင်း ၎င်းကဆက်ပြောသည်။

“ငွေကြေးတတ်နိုင်တဲ့ ၂ ယောက် ၃ ယောက်လောက်ကတော့ စစ်တွေမြို့ပေါ်သွားကုကြပါတယ အများစုကတော့ ငွေကြေးမတတ်နိုင်လို့မသွားနိုင်ကြပါဘူး” ဟုပြောသည်။

အရေပြားရောဂါမှာ လက်၊ ခြေထောက်နှင့် ခန္ဓာကိုယ်များတွင်ပါ ဖြစ်ပွားလျက်ရှိပြီး ဝမ်းလျော ဝမ်းပျက်ရောဂါပါ ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

ထိုသဲခုံကျေးရွာတွင် ကျေးရွာ ဆေးခန်းရှိသော်လည်း ထိုဆေးခန်းမှ ပေးသည့် ဆေးဖြင့် ကုသ၍ မပျောက်ဘဲ ဖြစ်နေကြရသည်ဟု ပြောသည်။

ဓာတ်ပုံ-ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ