Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့နယ် မနော်သီရိရွာမှ ဒေသခံ ၂ ဦးအား အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဖမ်းဆီး ညှင်းပမ်းနှိပ်စက်ပြီး မနော်သီရိရွာအား မီးရှို့သည်မှာ AA ကလုပ်ခြင်းဖြစ်ကြောင်း လိမ်ပြောခိုင်း

ပေါက်တောမြို့နယ် မနော်သီရိရွာမှ ဒေသခံ ၂ ဦးအား အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဖမ်းဆီး ညှင်းပမ်းနှိပ်စက်ပြီး မနော်သီရိရွာအား မီးရှို့သည်မှာ AA ကလုပ်ခြင်းဖြစ်ကြောင်း လိမ်ပြောခိုင်း

AB News -ဒီဇင်ဘာ ၁၂၊ ၂၀၂၃

ရက္ခိုင်ပြည် ၊ ပေါက်တောမြို့ နယ် မနော်သီရိရွာမှဒေသခံ အမျိုးသား ၂ ဦးအား စကစမှ ဖမ်းဆီးပြီး နေဗီထဲ၌ ညှင်းပမ်းနှိပ်စက်ကာ မနော်သီရိရွာအား မီးရှို့သည်မှာ AA ကဖြစ်ကြောင်း အတင်းလိမ်ပြောခိုင်းနေသည်ဟု AB News မှ ထောက်လှမ်း သိရသည်။

ဖမ်းဆီးခြင်းခံရသူများမှာ ပေါက်တောမြို့နယ် မနော်သီရီရွာမှ အသက် ၅၀ ကျော်အရွယ် ဦးဘထွန်း နှင့် ဦးထွန်းကျော်လင်း တို့ဖြစ်ပြီး၊ ဦးထွန်းကျော်လင်းမှာ စစ်တွေမြို့ မီးလောင်ကွင်းရပ်ကွက် ဇာတိဖြစ်ကြောင်း သိရသည်။

၎င်းတို့အား အကြမ်းဖက် စကစ ၏ နေဗီဝမ်းထဲတွင် ဖမ်းဆီးထားကာ ရိုက်နက်မှုများ ပြုလုပ်လျက်ရှိကြောင်း ခိုင်လုံသတင်းရင်းမြစ်တစ်ခုက AB News သို့ပြောသည်။​

” သူတို့ ၂ ယောက်ကိုဖမ်းခေါ်သွားတယ်၊ နေဗီဝမ်းထဲမှာနေပြီးတော့ AA အကြောင်းတွေမေးမြန်းတယ်၊ မဖြေရင်ရိုက်နှက်တယ်။ ပြီးရင် မနော်သီရိရွာကို မီးရှို့သည်မှာ သူတို့(စစ်ကောင်စီ) မဟုတ်ဟု ပြောခိုင်းပြီး AA ကမီးရှို့တာဟု အတင်းပြောခိုင်းနေပါတယ်” ဟု ဆိုသည်။

အကြမ်းဖက် စကစအဖွဲ့၏ နေဗီမှ အဖွဲ့သည် ဒီဇင်ဘာလ ၅ ရက်နေ့က မနော်သီရိ ရွာထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ပြီးဝင်ရောက်ကာ မီးရှို့ခဲ့ပြီး ထိုရွာသား ၂ ဦးကိုလည်းဖမ်းဆီးသွားခြင်းဖြစ်သည်။

မနော်သီရိရွာအား စစ်ကောင်စီအဖွဲ့က မီးရှို့စဥ် ရွာသူရွာသူများ အလုအယက်ထွက်ပြေးခဲ့ရာ ဖမ်းဆီးခံရသူ ၂ ဦးသည် ရွာအောက်ပိုင်း ( မြစ်ဖက်သို့) ဆင်းပြေးရာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်ဟု သိရသည်။

ယင်းနေ့က လက်နက်ငယ်ကျည်ထိပြီး ဒေသခံရွာသား အမျိုးသမီးတစ်ဦး ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီအဖွဲ့၏ မီးရှို့မှုကြောင့် မနော်သီရိရွာမှ လူနေအိမ် နေအိမ် ၁၉ အိမ်ပြာကျခဲ့ကြောင်း တွေ့ရသည်။

လက်ရှိတွင် မနော်သီရိရွာသား အများစုမှာ စစ်ကောင်စီအဖွဲ့၏ ဘေးမှ လွတ်ကင်းရာ ဒေသများသို့ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြသည်။

ရက္ခိုင်တွင် စစ်ကောင်စီအဖွဲ့က ပေါက်တောမြို့၊ ပုဏ္ဏားကျွန်းမြို့ မြို့မဈေး၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရဲရိုးပြင်ရွာနှင့် ခမောင်းတောရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဓာတ်ပုံ- စစ်ကောင်စီရေတပ်နေဗီအဖွဲ့က မီးရှို့၍ မနော်သီရိရွာမှ နေအိမ် မီးလောင်ပြာကျနေသည်ကိုတွေ့ရစဥ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ