Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့နယ်၊ သဲခုံရွာတွင် အရေပြားရောဂါနှင့် ဝမ်းရောဂါကြောင့် ၃ လအရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရ

ABN – သူရမောင်

ပေါက်တောမြို့နယ်၊ သဲခုံရွာတွင် အရေပြားရောဂါနှင့် ဝမ်းရောဂါဖြစ်ပွားနေမှုကြောင့် ၃ လအရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

သေဆုံးသွားခဲ့သည့် ကလေးငယ်မှ သဲခုံရွာမှ အဖ ဦးညီညီနှင့် အမိ ‌‌ဒေါ်ခင်ဝင်းချေတို့၏ သမီး မမြတ်ခင်ဝင်း အသက် ၃ လအရွယ်မှာ ရောဂါနှစ်မျိုးလုံးကို ခံစားခဲ့ရပြီး‌ ဖေ‌ဖော်ဝါရီလ ၃ ရက်နေ့က သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။

သေဆုံးသွားခဲ့ရသည့် မမြတ်ခင်ဝင်းမှာ မသေဆုံးမီအချိန်က ချောင်းဆိုး၊ အော့အန်ခြင်းနှင့် အသံမထွက်ဘဲ ရှိနေခဲ့ရာ မိဘဖြစ်သူများမှာလည်း ဆေးကုသရန် ငွေကြေးမတတ်နိုင်သည့်အတွက်ကြောင့် သေဆုံးသွားခဲ့ရကြောင်း သဲခုံရွာမှ ဒေါ်မမဆန်းက ပြောသည်။

“သေဆုံးသွားတဲ့ ကလေးကလေ အန်တယ်၊ ချောင်းဆိုးပြီးတော့ အသံမထွက်ပါဘူး၊ သူတို့မှာကလည်း ဆေးကုဖို့ ငွေကမတတ်နိုင်ဘူးလေ” ဟု ပြောသည်။

မမြတ်ခင်ဝင်းမှာ ရောဂါဝေဒနာကိုခံစားနေခဲ့ရသည်မှာ အချိန်အသင့်အတင့် ကြာခဲ့ကြောင်း၊ ရွာမှ ငွေကောက်ကာ ဆေးရုံတင်ရန် ကြိုးစားခဲ့ကြသော်လည်း ဆေးရုံသွားသည့်လမ်းတွင်ပင် သေဆုံးသွားခဲ့ရကြောင်း ၎င်းကဆက်ပြောသည်။

“ကလေးလေးက ရောဂါဖြစ်နေတာတော့ ကြာပါပြီ၊ သူက ၃ လအရွယ်ပဲရှိပါသေးတယ်၊ ရွာက ပိုက်ဆံကောက်ပြီးတော့ ဆေးခန်းသွားပြတော့ အချိန်က နှောင်းသွားပါပြီ၊ အဲဒီနေ့က ၃ နာရီလောက်မှာ တအားနေမကောင်းဖြစ်ပါတယ်၊ ရွာက အလှူခံပြီးတော့ ဆေးရုံတင်မယ်လို့ စီစဉ်ကြတော့ ဆေးရုံသွားတဲ့လမ်းမှာဘဲ သေသွားခဲ့တာပါ” ဟု ပြောသည်။

သဲခုံကျွန်းရွာမှာ ပေါက်တောမြို့နယ်၊ မြေငူကျွန်းမြောက်ပိုင်းတွင်တည်ရှိပြီး အိမ်ခြေ ၄၀၀ ကျော်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလက မုန်တိုင်းဒဏ်ကြောင့် သဲခုရွာရှိ ရေကန်များတွင် မြစ်ရေများ လွှမ်းမိုးခဲ့သည့်အတွက် ထိုရေများကို သောက်သုံးနေကြရသည့် ရွာသားများမှာ အရေပြားရောဂါနှင့် ဝမ်း‌လျော ဝမ်းပျက်ရောဂါများဖြစ်ရခြင်းဖြစ်သည်ဟု ရွာသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဓာတ်ပုံ-သဲခုံရွာမှ ကျောင်းသူတစ်ဦးတွင် အရေပြားရောဂါဖြစ်နေသည်ကိုတွေ့ရစဥ်/ABN

ပေါက်တောမြို့နယ်၊ သဲခုံရွာတွင် အရေပြားရောဂါနှင့် ဝမ်းရောဂါကြောင့် ၃ လအရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ