Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့နယ်သို့ စစ်ကောင်စီ ရေတပ်နေဗီ ၁ စီး တက်လာနေ

AB News – နိုဝင်ဘာ ၁၆၊ ၂၀၂၃

ရက္ခိုင်ပြည် ပေါက်တောမြို့နယ် တောင်းဖူးမြစ်ဖက်သို့ စစ်တွေမြို့မှ လာသည့် စစ်ကောင်စီ ရေတပ် နေဗီ တက်သွားကြောင်း သိရသည်။

၎င်းရေတပ်နေဗီ တွင် လက်နက်ကြီး၊ လက်နက်ငယ်၊ စက်သေနတ်များတင်ဆောင်လျက်ပါရှိကြောင်း AB News က စုံစမ်းသိရရှိသည်။

နေဗီတက်လာသည့်တွက် ဒေသခံပြည်သူများ ရှောင်ပြေးနေရပြီး ပေါက်တောမြို့တွင်းတွင် တိတ်ဆိတ်နေနေသည်ဟု ဒေသခံများက ပြောသည်။

ထိုနေဗီသည် ရေဖီးချပ်တောင်၏ မြစ်ဖက်သို့ ဦးတည်သွားလာနေကြောင်း တောင်းဖူးရွာသားတစ်ဦးက AB News သို့ ပြောသည်။

” နေဗီကတက်လာပါပြီ၊ လက်နက်ကြီးပစ်သံကြားနေရပါတယ်၊၊ ဘယ်ဖက်ကိုသွားမှာလဲတော့မသိဘူး” ဟု ဆိုသည်။

စစ်ကောင်စီတပ် ရဟတ်ယာဥ်ဖြင့် ယနေ့ မနက် ၁၀ နာရီခန့်က ပေါက်တောမြို့အတွင်းသို့ စက်လက်နက်များဖြင့် ပစ်ခတ်ခဲ့ရာ ဓာတ်တောင်၊ ဆေးရုံဟောင်း၊ ဘောလုံးကွင်းအနီးရှိအိမ်တို့တွင်ထိမှန်သွားကြောင်း သိရှိရသည်။

ထိုကိစ္စကို ABN ကဆက်လက်အတည်ပြုရန် စုံစမ်းနေလျက်ရှိသည်။

ပေါက်တောမြို့တွင် လျှပ်စစ်မီး ပြတ်တောက်ခံထားရသည်ဟုလည်း ဒေသခံများ ပြောပြချက်အရသိရသည်။

လက်ရှိတွင် စကစ ရေတပ်နေဗီတို့သည် ပေါက်တောမြို့ မြစ် နှင့် စစ်တွေမြစ်တို့တွင် သွားလာနေကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ