Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့နယ်မှ အူအပြင်ထုတ်ထားရသည့် ကလေးငယ်တစ်ဦး ဆေးကုသမှုခံယူရန် ငွေကြေးအကူညီလိုအပ်နေ

ပေါက်တောမြို့နယ်မှ အူအပြင်ထုတ်ထားရသည့် ကလေးငယ်တစ်ဦး ဆေးကုသမှုခံယူရန် ငွေကြေးအကူညီလိုအပ်နေ

ABN-ထက်မြတ်ခင်

ဇူလိုင် ၇ရက်

ရခိုင်ပြည် ပေါက်တောမြို့နယ် တပ်ရွာမှ အူအပြင်ထုတ်ထားရသည့် ကလေးငယ်တစ်ဦး ရန်ကုန်တွင်ဆေးကုသမှုခံယူရန်အတွက် ငွေကြေးအကူညီလိုအပ်နေသည်ဟုသိရသည်။

အူအပြင်ထုတ်ထားရငည့် ကလေးငယ်မှာ ပေါက်တောမြို့နယ် တပ်ကျေးရွာမှ အဖ ဦးရွှေမောင်သိန်း၏သား အသက် ၁၀နှစ်အရွယ် မောင်ထွန်းအေးမောင် ဖြစ်သည်။

မောင်ထွန်းအေးမောင်မှာ ပြီးခဲ့သည့်နှစ်က ဝမ်းပြည့်ဝမ်းရောင်ဖြစ်၍ စစ်တွေသို့သွားရောက် ခွဲစိပ်ကုသခဲ့ရာ စစ်တွေဆေးရုံးမှ အူကိုပြင်သို့ထုတ်ပေးလိုက်ခြင်းဖြစ်သည်။

မောင်ထွန်းအေးမောင်၌ ယခုနှစ်တွင် အူက တစတစပိုထွက်လာပြီး စစ်တွေသို့သွားရောက်ပြခဲ့ရာ၌ ဆရာဝန်က အူပြန်ထည့်ရန် ကုန်သို့သွားရမည်ဟု ဆရာဝန်ကပြောကြောင်း မိခင်ဖြစ်သူ ဒေါ်အနုဖြူပြောကြားချက်အရသိရသည်။

“ကလေးက လှုပ်ရှားတော့ ပြီးတဲ့နှစ်ကထက် အူက ပိုထွက်လာပါတယ်၊ ဒါကြောင့် ကျမတို့ စစ်တွေမြို့သွားပြခဲ့တော့ ဆရာဝန်က အူပြန်ထည့်ဖို့ရန်ကုန်သို့ သွားရပါမယ်လို့ပြောပါတယ်” ဟုပြောသည်။

မောင်ထွန်းအေးမောင်၏ မိဘများမှာ နေ့စားအလုပ်သမားဖြစ်သည့်အတွက် ရန်ကုန်သွား၍ ဆေးကုသမှုခံယူရန် ငွေးကြေးအကူအညီအရေးတကြီးလိုအပ်နေကြောင်း မိခင်ဖြစ်သူက ပြောသည်။

ဓာတ်ပုံ-APM

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ