Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့နယ်မှ အမျိုးသမီးတစ်ဦးအား ALPက ထပ်မံဖမ်းဆီးထား

ပေါက်တောမြို့နယ်မှ အမျိုးသမီးတစ်ဦးအား ALPက ထပ်မံဖမ်းဆီးထား

ABN-ထက်မြတ်ခင်

ရခိုင်ပြည် ပေါက်တော်မြို့နယ် ငွေတွင်းတည်ကျေးရွာမှ ကလေးနှစ်‌ယောက်မိခင်တစ်ဦးအား ALPတပ်ဖွဲ့ဝင်များက မေလ ၃ရက်နေ့ နေ့လယ်အချိန်တွင်ဖမ်းဆီးသွားကြောင်းသိရသည်

ဖမ်းဆီးခံရသူမှာ ပေါက်တောမြို့နယ် ငွေတွင်းတည်ကျေးရွာမှ ကလေးနှစ်ဦးမိခင် အသက် ၃၀အရွယ် မသန်းသန်းဌေးဖြစ်ကြောင်းသိရသည်။

မသန်းသန်းဌေးမှာ စစ်တွေမြို့ စစ်ရုံစုရပ်ကွက်တွင်နေထိုင်ကာ ရက်ကျပန်းရံအလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ထို့နေ့တွင် ALPတပ်ဖွဲ့ဝင် ကလေး ၄ယောက်ဖခင်တစ်ဦးနှင့်အတူ လျှောက်သွားရာ ၎င်းမှာ ထွက်ပြေးသွားသဖြင့် မသန်းသန်းဌေးအား ၎င်းနှင့်အဆက်သွယ်ရှိမည်ဟုဆိုကာ ဖမ်းဆီးထားခြင်းဖြစ်သည်ဟု သန်းသန်းဌေး၏မိခင်ဖြစ်သူပြောကြားချက်အရသိရသည်။

“သူက စစ်တွေမှာ ပန်းရံအလုပ်လုပ်တာပါ အဲဒီနေ့က သူက ကျမဆီကို ပိုက်ဆံလွှဲမလို့လာတာ။ လမ်းမှာအဖမ်းခံရတာပါ။ ဖမ်းးတဲ့အကြောင်းကျတော့ ကျမ သမီးနဲ့ ALPအဖွဲ့က ကလေး ၄ယောက် ဖခင် မောင်ဝင်းဆိုတဲ့လူနဲသိကြတယ်။ အခုတော့သူကထွက်ပြေးသွားပါပြီ။ အဲ့တာကိုသူမိန်းမက ကျမသမီးနဲ့ကြိုက်နေတယ်ဆိုပြီး ဖမ်းတာလို့သိရပါတယ်” ဟုပြောသည်။

မသန်းသန်းဌေးအား မိခင်ဖြစ်သူက ယနေ့နံနက်အချိန်တွင် စစ်တွေမြို့ စစ်ရုံစုရပ်ကွက်တွင်ရှိသော ALPရုံးသို့ သွားရောက်ရှာဖွေခဲ့သော်လည်း ALPတပ်ဖွဲ့ဝင်များမှ မရှိဟုငြင်းလွှတ်လိုက်တယ်” ဟုပြောသည်။

“ကျမက သွားမေးပါတယ် ဗုဒ္ဓဟူးနေ့ကဖမ်းထားတဲ့ သန်းသန်းဌေးနာမည်နဲ့မိန်းကလေးတစ်ယောက်ရှိလားလို့ မေးတော့ အစကတော့ရှိတယ် ခဏစောင့်ဆိုပြီး သူကအထဲဝင်သွားတော့ ခဏကြာ သူပြန်ထွက်လာတယ် ပြီးတော့ သူကမရှိဟုပြောပါတယ်။ သူတို့ဖမ်းထားတယ်ဆိုတာကို အစကတည်းက ALPက တပ်ဖွဲ့ဝင် မိန်းကလေးတစ်ယောက် ပြောထားလို့ကျမတို့သိပါတယ်” ဟုပြောသည်။

ပြီးခဲ့သည့်ဧပြီလကလည်း ရခိုင်ပြည် ပေါက်တောမြို့နယ် ကံပြင်ကျေးရွာမှ ရွာလူကြီးတစ်ဦးအား ALPတပ်ဖွဲ့ဝင် ၈ဦးက ဖမ်းဆီးပြီး ငွေကျပ်သိန်း ၇၀၀နှင့် ပြန်ပေးဆွဲမှုဖြစ်ခဲ့သေးသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ