Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့နယ်မှ ကြိမ်နီပြင် မူဆလင် ဒုက္ခသည်စခန်းမှ ကျောင်းသား ၃ ဦးကို အမည်မသိပွဲစားများက သိန်း ၁၀၀ တောင်း၊ မပေးလျှင်အသက်အန္တရာယ်ရှိမည်ဟု ခြိမ်းခြောက်

ပေါက်တောမြို့နယ်မှ ကြိမ်နီပြင် မူဆလင် ဒုက္ခသည်စခန်းမှ ကျောင်းသား ၃ ဦးကို အမည်မသိပွဲစားများက သိန်း ၁၀၀ တောင်း၊ မပေးလျှင်အသက်အန္တရာယ်ရှိမည်ဟု ခြိမ်းခြောက်

ABN-ဟိန်းထွန်း

ဇူလိုင် ၂၉ ရက်

ရခိုင်ပြည်၊ ပေါက်တောမြို့နယ် ကြိမ်နိန်ပြင် ဒုက္ခသည်စခန်းမှ မူဆလင် ကျောင်းသားငယ် ၃ ဦးကို အမည်မသိပွဲစားများက သိန်းတစ်ရာတောင်းကာ မပေးလျှင်အသက်အန္တရာယ်ရှိမည်ဟုခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းသိရသည်။

ပျောက်ဆုံးနေသူများမှာ အဖဦးမောင်နီချေ၏သား အသက်၁၈ နှစ်အရွယ် မောင်ဆင်ခမောက်၊ အဖ ဦးလာလု၏သား အသက် ၁၉ နှစ်အရွယ် မောင် အလ်ဖင် နှင့် အဖဦး​ဘော်ထီး၏ သား မောင်ဆင်ခမောက် တို့ဖြစ်ကြောင်းသိရသည်။

လူကုန်ကူးပွဲစားများသည် ၎င်းတို့ကို မလေးရှားပို့ပေးမည်ဟုလိမ်ခေါ်သွားခဲ့ပြီး ရန်ကုန်နား အရောက်တွင် ကျောင်းသားသုံး ၃ ဦးကို တစ်ယောက်စီ သိန်း ၁၀၀ ပေးရမည်ဖြစ်ကြောင်း၊ မပေးလျှင်ပြန်ပို့မည်မဟုတ်သည့်အပြင် အသက်အန္တရယ် ရှိသည်ဟု သားဖြစ်သူက ဖခင်ကိုဖုန်းဖြင့် ပြောပြခဲ့ကြောင်း ဦးဘော်ထီးက ABN သို့ပြောသည်။

“သူတို့တွေက ကလေးသုံးယောက်ကို လိမ်ခေါ်သွားပါတယ်၊ ရန်ကုန်အနားသို့အရောက်မှာပဲ သားဆီကဖုန်းလာပါတယ်၊ ဖေဖေ သားကိုပိုက်ဆံလွှဲပေးပါ၊ မပေးရင် ပြန်လည်းပို့မယ်မဟုတ်ဘူး၊ အသက်အန္တရာယ်လည်းရှိပါတယ်” ဟု ဖုန်းချသွားခဲ့ကြောင်း ဖခင်ဖြစ်သူ ဦးဘော်ထီးက ဆိုသည်။

လှချောင်သာ၊ အသူမိုဂျီ နှင့် တစ်ရွာတည်းနေ ရွာခံသားများက ၎င်းကျောင်းသားများကို မလေးရှားသို့ပို့ပေးမည်ဟုဆိုပြီး စည်းရုံးလုံ့ဆော်က အမည်မသိလူကုန်ကူးပွဲစားများလက်ထဲသို့ ဇူလိုင်လ ၁၉ ရက်နေ့ ည၈ နာရီကျော်တွင်ထည့်ပေးခဲ့ကြောင်း ဖခင်ထံကသိရသည်။

ပျောက်ဆုံးသွားသည့် မိသားစုများမှာ ပင်ပန်းဆင်းရဲသည့်အတွက် ပွဲစားများတောင်းသည့် ငွေကြေးများကိုရရှိရန် ပင်ပန်းကြီးစွာလုပ်ကိုင်နေရပြီး၊ ဒုက္ခသည်စခန်းမှ ရသော ဆီဆားများကို ရောင်းချလျက် သားများထံသို့ ပေးသွားမည်ဟု ဦးဘော်ထီးက ဆက်၍ ပြောသည်။

“ကျနော်တို့တွေက ပင်ပန်းဆင်းရဲပါတယ်၊ ပွဲစားတွေတောင်းတဲ့ပိုက်ဆံကို ပေးနိုင်ဖို့ ကြုံရာကျပန်းလုပ်ရပါတယ်၊ စခန်းကရတဲ့ ဆန်၊ ဆီ၊ ဆားတွေကို ရတဲ့စျေးနဲ့ရောင်းချနေရပါတယ်၊ ပိုက်ဆံမပေးရင် ကျောင်းသားတွေကိုသတ်မယ်လို့ ပြောသံတွေကြားနေရပါတယ်၊ ပိုက်ဆံတွေပေးပို့ရမယ်” ဟုဆိုသည်။

လက်ရှိတွင် မူဆလင် ၃ ဦးသည် ရန်ကုန်အနားသို့ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသော်လည်း နေရာအတိအကျကိုမပြောပြသည့်အတွက် ရောင်းစားသွားမည်ကိုလည်း မိဘများက စိုးရိမ်ကြောင့်ကြနေရကြောင်းပြောသည်။

ပြီးခဲ့သည့်ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ၎င်းတို့နှင့်တစ်ရက်တည်းအတူ မင်းသာဖက်ရွာမှ ကျောင်းသား လာလုချေ၊ မာမိယေစား၊ စောဒူလာမီ၊ အဒူလာမီ တို့ကို ဖာရုဆိုသည့် ပွဲစားက မလေးရှားသို့ပို့ပေးမည်ဟု ပြောကာ ယင်းသို့ရောက်မှ ငွေကိုပြန်ပေးနိုင်ကြောင်း စဥ်းရုံးလုံ့ဆော်ခဲ့သည်။

၎င်းသည် ကလေးငယ်များကို စစ်တွေသို့ ခေါ်သွားခဲ့ချိန်တွင် မျက်မြင်သက်သေတစ်ဦးက ၎င်းတို့၏ဖခင်များထံသို့ အကြောင်းကြားလာခဲ့ကာ သတင်းရလျှင်ရချင်း ချက်ချင်း စစ်တွေသို့ လိုက်ပါခဲ့ရာ တစ်ယောက်ကို ၇ သိန်းကျစီ ပေးခဲ့ရပြီး၊ လမ်းစရိတ်များအားလုံးဖြင့်ဆိုလျှင် သိန်း ၃၀ ​ကျော်ကုန်ကျခဲ့ကြောင်း သိရသည်။

အဆိုပါ ဖာရုသည် ရွာမှ ထွက်ပြေးနေကြောင်း ရွာခံသားများထံက သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ