Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့နယ်မှ ကယ်ဆယ်ရေးမရရှိသေးသည့် မုန်တိုင်းသင့် ကျေးရွာ ၂၄ ရွာ အား ရခိုင်အမျိုးသားကွန်ရက်က ကျပ်သိန်း ၄၀၀ ခန့်ရှိ ကူညီကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံံ့

ABN-နွယ်စိုး

ဇွန်၂၃ ရက်

ရခိုင်ပြည်၊ပေါက်တောမြို့နယ်ထဲက ကူညီကယ်ဆယ်ရေးထောက်ပံ့မှုမရရှိသေးသည့် မုန်တိုင်းဒဏ်သင့် ကျေးရွာ ၂၄ ရွာအား ဇွန်လ ၁၈ ရက်နေ့က ရခိုင်အမျိုးသားကွန်ရက်မှ ကျပ်သိန်း ၄၀၀ ခန့်တန်ဖိုးရှိသည့် ဆန်နှင့်ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ထောက်ပံ့ခဲ့သည်ဟု သိရသည်။

ကူညီကယ်ဆယ်းရေးပစ္စည်းများ မရရှိသေးသည့် ရွာများမှာ မြေငူကျွန်းမှ လွမ်းတောင် ကျေးရွာအုပ်စု၊ ချောင်းဝအုပ်စုမှ ၁၉ ရွာ အပြင် ပြိုင်းတောင်ကျေးရွာအုပ်စုမှ ၅ ရွာတို့ကို သွားရောက်ကူညီပေးခဲ့ကြောင်း ရခိုင်အမျိုးသားကွန်ရက်၏ ဥက္ကဌ ဦးတင်ထူးအောင်က ABN သို့ ပြောသည်။

“မြေငူကျွန်းဘက်ကိုတော့ ကူညီကယ်ဆယ်ရေးတွေ ရောက်ဖို့ဆိုတာ မလွယ်ပါဘူး၊ ကျွန်တော်တို့ သွားခဲ့တာလည်း အခက်အခဲတွေရှိခဲ့ပါတယ်၊ လိှုင်းကလည်း ကြမ်းပါတယ်၊ လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းရှာဘူး၊ ကျွန်တော်တို့အဝတ်အထည်တွေ၊ စားနပ်ရိက္ခာတွေ၊ရိက္ခာခြောက်တွေ၊အိမ်သုံးဆေးဝါးတွေ၊အမိုးအကာတွေ ကို ထောက်ပံံ့ပေးခဲ့တယ်”လို့ ပြောသည်။

ထို့အပြင် ထိုကျေးရွားများ၌ လတ်တလောလိုအပ်နေသော ကယ်ဆယ်ရေးပစ္စည်းများ ကို မုန်တိုင်းသင့်ပြည်သူ ၄၀၀၀ ကျော်အား ထောက်ပံ့ပေးနိုင်ခဲ့သည်ဟု ရခိုင်အမျိုးသားကွန်ရက်မှ ကိုကျော်စိုးနိုင် က ABN သို့ပြောသည်။

” ကျွန်တော်တို့က တာပေါ်လင်စတွေ ကူညီခဲ့တယ်၊တချို့အိမ်တွေဆို လုံးဝမဆောက်ရသေးပါဘူး၊အမိုးအကာလည်း လုံးဝမရှိသေးဘူး၊ ကျွန်တော့်တို့ အဓိက အမိုးအကာမရှိသေးတဲ့ အိမ်တွေကို ပေးခဲ့တယ်၊ ဆန်အိတ်ငယ်ဆိုလည်း တစ်အိမ်ထောင်စုကို တစ်အိတ်ကျလောက်ပေးခဲ့တယ်၊ ကူညီကယ်ဆယ်ရေးတွေက လမ်းမကောင်းလို့ မရောက်နိုင်ကြဘူး၊ သူတို့ အဓိက လိုအပ်နေတာတွေက စားနပ်ရိက္ခာတွေပါ၊ နောက်ပြီး အမိုးအကာတွေကို ထောက်ပံ့ပေးခဲ့တယ်” ဟု ပြောသည်။

အဆိုပါကျေးရွာများသို့ ထောက်ပံ့ကူညီပေးခဲ့သည့် ကယ်ဆယ်ရေးပစ္စည်းများမှာ ရိက္ခာခြောက်များ၊ ဆန်အိတ်ငယ်များ၊ ကလေးစားစရာဝေဖာမုန့်များ၊အမျိုးသမီးလစဥ်သုံးပစ္စည်းများ၊ ၁၅ ပေ ပတ်လည် တာပေါ်လင်မိုးကာစများ၊ အဝတ်အထည်များနှင့် အိမ်သုံးဆေးဝါးမျုးတို့ဖြစ်ကြပြီး စုစုပေါင်း ကာလာတန်ဖို ကျပ်သိန်း ၄၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း အင်အားပြင်းမိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ် ၂၁၆၆၈၁ ဆောင် ပျက်စီးခဲ့ရပြီး ပြည်သူ တစ်သိန်းကျော် ထိခိုက်နစ်နာ ခဲ့ကြောင့် ရက္ခိုင်အမျိုးသားအဖွဲ့ချူပ်/ရက္ခိုင့်တပ်တော် (ULA/AA) က ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ