Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့နယ်တွင် သုံးဘီးတိုက်၍ ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံး

ABN-ရာဟု

ရခိုင်ပြည် ပေါက်တောမြို့နယ် ကျောက်ဆိပ်ကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီလ ၉ရက်နေ့တွင် သုံးဘီးယာဥ်တိုက်၍ ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်းသိရသည်။

သေဆုံးသွားခဲ့သည့်ကလေးငယ်မှာ ကျောက်ဆိပ်ရွာမှ အဖဦးကျော်ဇောလှနှင့် အမိဒေါ်ဝါဝါနိုင်တို့၏ သားမောင်ကျော်နိုင်လင်း အသက် ၅ နှစ်ကလေးငယ်တစ်ဦးဖြစ်ပြီး ရွာထဲလမ်းမတွင် ကစားနေစဥ် နေ့လည် ၁၁ နာရီ ၃၅ မိနစ်တွင် သုံးဘီးဖြင့်တိုက်မိ၍ ပွဲချင်းပြီး‌သေဆုံးသွားခြင်းဖြစ်သည်။

“မနက် ၁၁နာရီ ၃၅ မိနစ်မှာ ကလေးအော်သံနှင့် သုံးဘီးသံကြားလို့ ထွက်ကြည့်တာ ကလေးက လမ်းမထက်မှာသေနေပြီ၊ သုံးဘီးသမားက မောင်းပြီးထွက်ပြေးသွားတယ်” ဟု မျက်မြင်သက်သေ ရွာသားတစ်ဦးက ABN ကိုပြောဆိုသည်။

သုံးဘီးမောင်းသမားမှာ ပေါက်တောမြို့နယ် အဝကန်ရွာမှ ဦးမောင်လှမြင့်ဆိုသူဖြစ်ပြီး ရွာသားများလိုက်လံဖမ်းဆီးကာ လက်ရှိတွင် ကျောက်ဆိပ်ရွာ အုပ်ချုပ်ရေးမှူးအိမ်တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရှိရသည်။

ပေါက်တောမြို့နယ်တွင် သုံးဘီးတိုက်၍ ကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ