Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့နယ်တွင် လူသတ်မှုဖြစ်၊ အမျိုးသားတစ်ဦးသေဆုံး

ABN-ရှိုင်းမိုး

အောက်တိုဘာ ၁၄ရက်

ပေါက်တောမြို့နယ် ကျောက်ပြင်ရွာတွင် လူသတ်မှုဖြစ်ပွား၍ အမျိုးသားတစ်ဦး သေဆုံးသွားသည်ဟုသိရသည်။

သေဆုံးသွားသူသည် ကျောက်ပြင်ရွာမှ စိန်လှဦး၏သားဖြစ်သူ အသက် ၃၅နှစ်အရွယ် ဦးနိုင်နိုင်ဖြစ်သည်ဟုသိရသည်။

အောက်တိုဘာလ ၁၃ရက်နေ့ ညပိုင်း၈နာရီကျော်အချိန်ခန့်က တရွာတည်းနေ ကိုမောင်စောအေးမှ ဦးနိုင်နိုင်ကို ကျောက်ပြင်ရွာလှေဆိပ်နားတွင် ဓားရှည်ဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။

မှုခင်းမဖြစ်ပွားမီ ညနေပိုင်းက ကိုမောင်စောအေးနှင့် ဦးနိုင်နိုင်တို့သည် အရက်ဆိုင်တွင် အရက်သောက်ခဲ့စဥ်က စကားများရန်ဖြစ်ခဲ့ကြသည်ဟု ထိုရွာ၏ ယာယီအုပ်ချုပ်ရေးမှူးကပြောသည်။

“ရန်ငြိုးရန်စရှိကြတာမဟုတ်ဘူး၊ ညနေပိုင်းက အရက်ဆိုင်မှာစကားတခွန်နှစ်ခွန်များခဲ့ကြတယ်ပြောတယ်၊ ပြီးတော ကိုယ်အိမ်ကိုပြန်ခဲ့ကြတယ်ထင်တယ်၊ လူသတ်မှုဖြစ်တာက ၈နာရီကျော်လောက်မှာဖြစ်တာပါ၊ ကျွန်နော့ကို ခေါ်လို့ကျနော်ရောက်သွားတဲ့အချိန်က သေနေတာကိုတွေ့ပါတယ်” ဟုဆိုသည်။

ကိုမောင်စောအေးမှာ လူပျိုဖြစ်ပြီး သေဆုံးသွားသော ဦးနိုင်နိုင်မှာ သားသမီး ၂ဦးရှိပြီး မိန်းမဖြစ်သူမှာ ကိုယ်ဝန်ရှိနေသည်ဟုသိရသည်။

သေဆုံးသွားသော ဦးနိုင်နိုင်မှာ လက်မောင်းနှစ်ဖက်၊ ကျောကုန်းနှင့် ခါးဘေးတို့တွင် ဓားခုတ်ရာများရရှိ ခဲ့သည်ဟုသိရသည်။

လက်ရှိတွင် ဦးမောင်စောအေးကို ULA/AAနယ်မြေရုံးမှဖမ်းဆီးထားသည်ဟုသိရသည်။

ပေါက်တောမြို့နယ်တွင် လူသတ်မှုဖြစ်၊ အမျိုးသားတစ်ဦးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ