Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေ

ပေါက်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေ

AB News – ဒီဇင်ဘာ ၁၀၊ ၂၀၂၃

ရက္ခိုင်ပြည် ပေါက်တောမြို့နယ် တောင်းဖူးကျေးရွာ အနီးတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ ၂ ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်း ရရှိသည်။

ယနေ့ ညနေ ၄ နာရီ ၅၇ မိနစ်တွင် ရက္ခိုင့်တပ်တော်မှ အကြမ်းဖက်စစ်ကောင်စီ နေဗီများအား ပစ်ခတ်ခဲ့ရာ ကျည်ထိမှန်သွားပြီး စကစမှ ပြန်လည် လှမ်းပစ်နေကြောင်း သိရသည်။

စကစ နေဗီများသည် ပေါက်တောမြို့အပါအဝင် ကျေးရွာအနီးနားသို့ လက်နက်ကြီး လှမ်းပစ်နေခြင်းပြုလုပ်လျက်ရှိကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

” ပေါက်တောကိုလက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်၊ ရွာတွေကို စက်သေနတ်တွေနဲ့ ပစ်နေတယ်” ဟု ဆိုသည်။

လက်ရှိသတင်းရေးသားအချိန်ထိလည်း ရက္ခိုင့်တပ်တော် နှင့် အကြမ်းဖက် စစ်ကောင်စီအဖွဲ့တို့ ၂ ဖက်တိုက်ပွဲ အပြန်အလှန်ပစ်ခတ်လျက်ရှိပြီး စကစ ဖက်မှ သေဆုံးသူတစ်ချို့ရှိကြောင်း စုံစမ်းသိရှိရသည်။

ထို့အပြင် စကစ အဖွဲ့သည် ယနေ့ မွန်းလွဲ ၂ နာရီကျော်တွင် ရဟတ်ယာဥ်တစ်စီးဖြင့် ပေါက်တောမြို့သို့ ဗုံးကြဲချခဲ့ကြောင်း သိရသည်။

၂ ဖက်တိုက်ပွဲ ပြင်းထန်လျက်ရှိသည့်အတွက် ပျက်စီးရှိ/မရှိကိုကား AB News ကစုံစမ်းနေဆဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ