Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့နယ်တွင် မူဆလင်ကျောင်းသား ၃ ဦးကို အမည်မသိ လူများက စက်လှေဖြင့် ခေါ်ယူသွားကြောင်း သိရ

ABN-ဟိန်းထွန်း

ဇူလိုင် ၂၁ ရက်

ရခိုင်ပြည် ပေါက်တောမြို့နယ် မညှင်းကိုင်းကျေးရွာအုပ်စု ဆလီဖက်ရန်ရွာတွင် မူဆလင် ကျောင်းသားငယ် ၃ ဦးကို အမည်မသိလူများက စက်လှေဖြင့်ခေါ်ယူသွား​ခဲ့ကြောင်း ဖခင်ဖြစ်သူက ABN သို့သတင်းပေးပို့လာခဲ့သည်။

ပျောက်ဆုံးနေသူများဖြစ်သော အဖ ဦးမောင်နီချေ၊ အမိ ဒေါ်အလီမဟထို ၏သား အသက်၁၈ နှစ်အရွယ် မောင်ဆခမောက်၊ အဖ ဦးလာလု၊ အမိ ဒေါ်မယောင်ခတို၏သား အသက် ၁၉ နှစ်အရွယ် မောင် အလ်ဖင် နှင့် အဖ ဦးဘောထီး၊ အမိ ဒေါ် အရဘာ၏ သား မောင်ဆင်ခမောက် တို့ဖြစ်ကြောင်းသိရသည်။

၎င်းတို့ ၃ ဦးကို ဇူလိုင်လ ၁၉ ရက်နေ့ ည၈ နာရီကျော်တွင် ရွာခံသားတစ်ချို့က ၎င်းကျောင်းသားများ၏နေအိမ်သို့ ရှောင်တခင်လာရောက်၍ မလေးရှားသို့ ပို့ပေးမည်ဟုဆိုကာ လိမ်လည်ခေါ်သွားခဲ့ပြီး စက်လှေပေါ်တင်ပေးခဲ့ကြောင်း မျက်မြင်သက်သေဖြစ်သူ ဦးဘော်ထီးက ABN သို့ ပြောသည်။

“ဇူလိုင်လ ၁၉ ရက်နေ့ညမှာပါ၊ ရွာခံသားအချို့က ကျောင်းသားတွေရဲ့အိမ်ကို ရှောင်တခင်သွားပါတယ်၊ သူတို့တွေကို မလေးရှားကို ပို့ပေးမယ်လို့ပြောပြီး အိမ်ကခေါ်သွားပါတယ်၊ နောက်ပြီးတော့ အမည်မသိသူတွေ စောင့်နေတဲ့ စက်လှေပေါ်ကို တင်ပေးလိုက်ပါတယ်” ဟု ဆိုသည်။

မောင်ဆင်ခမောက်သည် အစိုးရကျောင်းတွင် ပညာသင်ယူနေသည့် ၈ တန်းကျောင်းသားဖြစ်ပြီး၊ ၎င်းနှင့်နာမည်တူ မောင်ဆင်ခမောက်မှာ ရခိုင်စာကိုသင်ယူနေသည့် ၅ တန်းကျောင်းသားဖြစ်ကာ မောင်အလ်ဖင်မှာ ဘုန်းတော်ကြီး​ကျောင်းတွင် မူဆလင်ဘာသာကို သင်ယူနေသည့် ၇တန်းကျောင်းသားဖြစ်သည်။

စက်လှေနှင့်ထည့်ပေးလိုက်သည့် ရွာခံသားများမှာ အသူမိုဂျီ ၊ လှချောင်သာ နှင့် အခြားသူတို့ပါဝင်ကြပြီး ၎င်းတို့နေအိမ်သို့ ပျောက်ဆုံးသူ၏ ဖခင်က သွားရောက်မေးမြန်းရာတွင် ကလန်ကဆန် ရန်လိုမှုများပြုလုပ်ပြီး အော်ဟစ်ခဲ့ကြောင်း ဦးဘော်ထီးက ဆက်၍ပြောသည်။

“စက်လှေနဲ့ထည့်ပေးလိုက်တဲ့ ရွာခံသားအိမ်တွေကို သွားပါတယ်၊ ကျနော့်သားကို ဘယ်ကိုထည့်ပေးလိုက်တာလဲ၊ ဘယ်သူနဲ့လဲလို့ မေးမြန်းပါတယ်၊ သူကတော့ မင်းသားကို ငါမထည့်ပေးဘူးလေ၊ ဘာတွေလာပြောနေတာလဲဆိုပြီး ရန်လိုတဲ့အပြုအမှုနဲ့ အော်ဟစ်ပြောဆိုတယ်” ဟု ဆိုသည်။

ယနေ့ မနက်ပိုင်းက ဦးဘော်ထီး၏သားထံမှ Viber မှတဆင့် စာဝင်လာခဲ့ကာ ကျွန်တော်တို့အားလုံးက ပေါက်တောကိုရောက်နေကြာင်းဆိုပြီး ဖုန်းအဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ဖခင်ထံမှသိရသည်။

ပျောက်ဆုံးသွားသည့် ကျောင်းသားငယ် ၃ ဦး၏ ဖင်ခင်များက ၎င်းတို့၏ သားများကို ပြန်လိုချင်ကြောင်း၊ ခေါ်ယူသွားသူများကို ​ငွေကြေး သိန်း ၃၀ ပေးရလျှင်လည်း ပေးအပ်မည်ဖြစ်ကြောင်း ၊ ကျောင်းနေအရွယ်ကလေးများဖြစ်သည့်အတွက် ပညာရေး တွင် အခက်အခဲရှိနေသဖြင့် မိဘများက စိုးရိမ်နေကြကြောင်းပြောသည်။

လက်ရှိ နေ့လည်အချိန်တွင် လိမ်လည်ခေါ်ဆောင်ခြင်းခံရသူများသည် မင်းပြားမြို့တွင် ရောက်ရှိနေသည်ဟု အသိမိတ်ဆွေများထံက အကြောင်းကြားခဲ့လာကြောင်း ဖခင်များထံကသိရသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော်၏ နယ်မြေရုံးများတွင်လည်း တိုင်းတန်းသွားမည်ဟု ပျောက်ဆုံးသူများ၏ဖင်ခင်များက ​ပြောဆိုသည်။

ဓာတ်ပုံ-ပျောက်ဆုံးနေသည့် မူဆလင်ကျောင်းသား ၂ ဦး/ABN

ပေါက်တောမြို့နယ်တွင် မူဆလင်ကျောင်းသား ၃ ဦးကို အမည်မသိ လူများက စက်လှေဖြင့် ခေါ်ယူသွားကြောင်း သိရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ